မြို့တော်ရန်ကုန် ဒုန်းဒုန်းဒုန်း

မြောက်ဥက္ကလာပမြို့နယ်တရားရုံးအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး စစ်တပ်က မြောက်ဥက္ကလာတစ်မြို့လုံးနှင့် ထိစပ်မြို့နယ်များကို ပိတ်ဆို့ စစ်ဆေးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၃ မိနစ်နှင့် ည ၈ နာရီ ၁၈ မိနစ်အချိန်တို့တွင် မြောက်ဥက္ကလာမြို့နယ် တရာရုံးအနီးတွင် ဗုံးပေါက်ကွဲသံ ၂ ချက် ကျယ်ထောင်စွာထွက်ပေါ်ခဲ့ပြီး မြောက်ဥက္ကလာပရဲစခန်းအနီးနှင့် တရားရုံးအနီးမှ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း၊ ထို့ပြင်စခန်း ၉ ဘက်မှ သေနတ်သံ ၂ ချက် ထွက်ပေါ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းမများပေါ်တွင် ပိတ်ဆို့ကာ ဆဲဆို သောင်းကျန်းနေကြောင်း သိရသည်။

“မြောက်ဥက္ကလာတရားရုံးအနီး ဗုံး၂လုံးပေါက်ကွဲထိခိုက်တာမှာ တရားရုံးနားက ရွှေနေ့သစ် လဖ္ဘက်ရည်ဆိုင်က စားပွဲထိုးတွေကို စစ်ခွေးတွေရိုက်စစ်နေတယ်။ ဗုံးခွဲတဲ့သူဆိုပြီး စစ်ခွေးတွေက မြောက်ဥက္ကလာထဲမှာ ပိတ်ဆို့ရှာဖွေနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မြောက်ဥက္ကလာမှ အခြားဒေသပြည်သူတစ်ဦးကလည်း “ဒီနေ့ည ၈ နာရီ ၃ မိနစ်နဲ့ ၈ နာရီ ၁၈ မိနစ်မှာ ဗုံးပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်၊ စခန်း ၉ ထဲမှာ ပေါက်ကွဲမှုဖြစ်တာလို့ ကနဦးသိရပေမယ့် တရားရုံးလည်းဖြစ်နိုင်တယ်၊ ပေါက်ကွဲမှုဖြစ်ပြီးတော့ စခန်း ၉ ဘက်က သေနတ်သံချက်ကြားလိုက်ရတယ်၊ လက်ရှိအချိန်အထိ အနီးတဝိုက်လမ်းတွေပေါ်မှာ အကြမ်း ဖက်တပ်သားတွေ ကြမ်းကြမ်းတမ်းတမ်း ပိတ်ဆို့ စ်စဆေး ရှာဖွေနေကြတယ်” ဟု ဒေသနေပြည်သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် မြောက်ဥက္ကလာနှင့် မြောက်ဒဂုံအစပ် တံတားနှင့် တံတားအဆင်းနေရာများကို စစ်တပ်နှင့်ရဲများက ပိုက်စိပ်တိုက်ရှာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညပိုင်း ရန်ကုန်တွင် ဂိတ်ချစစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *