လောင်းလုံးမြို့ နောက်ဆုံးရသတင်း

လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်-ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်း မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း ဝင်ရောက်ကာ တပ်စွဲနေထိုင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြန်လည် ဆုတ်ခွာစဥ် နောက်မှ လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အသင့်ထောင်ထားသော မိုင်းများဖြင့် ဆက်လက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲ တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကာ ၇၉ ဗုံးပစ် လောင်ချာနှင့် ပစ္စတို ၁ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအပြီး တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကြောင်း ပြန်လှည့်ကာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းကို လက်နက်ကြီး၊ ၇၉ လက်နက်နှင့် ဒရုန်းဝေဟင် တိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်

” စစ်ခွေး ၁၅ ကောင်သေပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးပါတယ်။ ၇၉ ဗုံးပစ်လောင်ချာနဲ့ ပစ္စတို ၁ လက်လည်း ဆုံးရှုံးခဲ့တယ်။ ရဲဘော်တွေ ပြန်ဆုတ်တဲ့ချိန် လိုက်လာတဲ့ စစ်ခွေးတွေကို မိုင်းနဲ့ဖောက်ခွဲခဲ့တယ်။ အဲဒီမှာ စစ်ခွေးတွေ တော်တော်ထိကြတယ်။ နောက်ပြီး မောင်းမကန်ရဲစခန်းကို ဒရုန်းရော မြေပြင်ရော ထိုးစစ်ဆင် တိုက်တာလည်း စစ်ခွေးတွေ တော်တော် ထိကြတယ်။ ဘယ်လောက် ထိခိုက်လည်းတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးစစ်ကြောင်းမှ (LLPDF/DGRF-တပ်ခွဲ(၄)/ YPPDF) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF(ပကဖ)) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအား အရှိန်အဟုန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်နေရာမရွေးဖြစ်ပေါ် လာနိုင်သည့်အတွက် စစ်ရေးအသိ သတိဖြင့်သွားလာနေထိုင်ကြပါရန် လောင်းလုံးမြို့နယ် PDF က အသိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *