မြို့ပေါင်း ၁၀မြို့အထိ သိမ်းပိုက်ထိန်း ချုပ်ထားနိုင်

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအင်အား စုတွေက မြို့ပေါင်း ၁၀အထိ သိမ်းပိုက်ထိန်းချုပ်ထား

နိုဝင်ဘာလ ၁၂ ရက်

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ စတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအင် အား စုတွေက မြို့ပေါင်း ၁၀မြို့အထိ သိမ်းပိုက်ထိန်း ချုပ်ထား နိုင်ခဲ့ပါတယ်။

မြောက်ပိုင်ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အော်ပရေးရှင်း ၁၀၂၇ စတင်ချိန်ကနေ အခုထိ ရှမ်းပြည်မြောက်ပိုင်းက ချင်းရွှေဟော် ၊ သိန္နီ၊ ဖောင်းဆိုင် ၊ ကြူကုတ်၊ မုံးကိုး ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ နန်းမယ်ခုံ၊ စစ်ကိုင်းတိုင်းက ကောလင်း ၊ ခမ်းပတ် နဲ့ ကွမ်းလုံမြို့နဲ့ဆိုရင် စုစုပေါင်း မြို့ ၁၀ ခုအထိ မြောက်ပိုင်းညီနောင်မဟာမိတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၆)နေ့အထိ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး ၁၇၀ နီးပါးကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ဖြစ်တဲ့းကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင်- AAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *