ရန်ကုန်ဟာ ငြိမ်နေသ၍ ရန်ကုန် မဟုတ်ဘူး (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေက စစ်အာဏာရှင်စနစ်အမြတ်ပြတ်ရေးတွင် ပါဝင်ကြရန် လူထုအား လှုံ့ ဆော် (ရုပ်/သံ)

++++++++++++++++++++++

ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေက အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးသို့ ဉီးတည်ရန် နိုဝင်ဘာ ၁၂ ရက်က လူထုအား လှုံ့ဆော်ခဲ့ ကြတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ​ပြည်သူလူထုခါးစည်းခံနေရတဲ့ အထွေထွေအကျပ်အ တည်း အားလုံးရဲ့ အရင်းခံဟာ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း၊ ဗမာတပြည်လုံးရှိ အဖိနှိပ်ခံ အလုပ်သမားထု ၊ လယ်သမားထုနဲ့ ကျောင်းသားထု စည်းလုံးညီညွတ်ရေးမှ စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးသို့ ဦးတည်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ပြည်သူလူထုအား တိုက်တွန်း နှိုးဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို မဟာမိတ်များဖြစ်သော North Dagon Oppressed People’s Strike – Colition(NDOPSC)နဲ့ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းပြု လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

– ရန်တွေမကုန်သေးသ၍ ရန်ကုန်ဟာ ရန်ကုန်မဟုတ်ဘူး။ ရန်ကုန်ဟာ ငြိမ်နေသ၍ ရန်ကုန် မဟုတ်ဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *