ရခိုင်ဖက်မှာ စခ အထိုင်စခန်း ၂ ခု (အနဲဆုံး) AA သိမ်းပိုက်

အထိုင်စခန်း ၂ ခု (အနဲဆုံး) AA သိမ်းပိုက်

Update…ဒုံးပိုက်နှင့် ချိန်ခါလိန် စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက်နိုင်ဟု ရသေ့တောင်ဒေသခံပြော

နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း ၂ခုကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ (နိုဝင်ဘာ၁၃ရက်) နံနက်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ပြီဟု ကြားရကြောင်း ရသေ့တောင်ဒေသခံက ပြောသည်။

“နှစ်ခုလုံးကိုသိမ်းလိုက်ပြီပြောတယ်။ ဒုံးပိုက်ကတော့ သေချာတယ်။ ချိန်ခါလိန်ကတော့ သိမ်းပိုက်ပြီပြောတယ်ဒါပေမဲ့ ကွန်ဖန်းတော့သိပ်မဖြစ်ဘူး။အဲဒီဘက်က လူတွေဆီကို ဖုန်းခေါ်မရဘူး”ဟု ရသေ့တောင်ဒေသခံက ပြောသည်။

အထိအခိုက်အခြေအနေများမကြားရသေးဟု ပြောသည်။ ယခု AAတိုက်ခိုက်ခဲ့သည့် တပ်စခန်းများသည် အင်အား ၃၀ခန့်သာရှိသည့် ကင်းစခန်းများဖြစ်သည်ဟု ပြောသည်။

အခြားနေရာများ၌လည်း AAနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ဆိုင်ထားသည့် အနေအထားဖြစ်၍ တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်း အသိပေးသည်။

ယနေ့ ဒုံးပိုက်၊ ချိန်ခါလိန် တပ်စခန်းများ တိုက်ခိုက်ခံရ၍ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများ တောက်လျှောက်ပစ်နေသည်ဟု ဆိုသည်။

“တိုက်ပွဲတွေအများကြီးဆက်ဖြစ်နိုင်တယ်။ရခိုင်တစ်ပြည်နယ်လုံးလောက်ကိုဖြစ်လာနိုင်တယ်” ဟု ဒေသခံက စစ်ရေးရှေ့အလားအလာကို သုံးသပ်သည်။

၂၀၂၂နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်အတွင်း၌ AAနှင့် စစ်ကောင်စီတပ်အကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေးလုပ်ဆောင်ပြီးနောက်ပိုင်း ယနေ့မနက်တွင် တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။

AAသည် ကချင်၊ စစ်ကိုင်းနှင့် ရှမ်းမြောက်တိုက်ပွဲများ၌လည်း မဟာမိတ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် စစ်ကောင်စီကလည်း လိုင်ဇာအနီးရှိ AA ယာယီဌာနချုပ်တပ်စခန်းနေရာကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုများမကြားခဏ လုပ်ဆောင်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *