၇ရက်သားသမီးများအတွက် တစ်လစာဟောစာတမ်း

🥇တနင်္ဂနွေသားသမီးများအတွက် တစ်လစာ ဟောစာတမ်း

၁။ ကျန်းမာရေး🤕

အအေးမိနှာစေးခြင်း အထူးဂရုစိုက်ပါ။ ရေချိုးမှားခြင်း၊ တုပ်ကွေးမိခြင်း၊ လည်ချောင်းနာခြင်းများလည်း သတိထားပါ။

၂။ စီးပွားရေး💸

မွေးမြူရေးလုပ်ငန်းများအဆင်မပြေမှုများနှင့်ကြုံရတတ်သည်။ စာအုပ်၊ စက္ကူနှင့်ပက်သက်သော လုပ်ငန်းများ ရောင်းအားနည်းပြီး ထွက်ငွေများမည်။

အခြားစီးပွားရေးများ အနီရောင် အထူးရှောင်၍ အပြာရောင်ဝတ်ဆင်ပါ။

၃။ အချစ်ရေး💕

အချစ်ရေး ကိစ္စများတွင် အထူးစန်းပွင့်မည်။ အဆင်ပြေမည်။ စန်းပွင့်သကဲ့သို့ ဘေးအနှောင့်အယှက်များလည်းဝင်မည်။

မိမိသဘောကျနှစ်သက်သူဖြစ်စေ၊ crushဖြစ်စေ ဖွင့်ပြောရန် အသက့်တော်ဆုံးကာလ ဖြစ်သည်။

၄။ အိမ်ထောင်ရေး ❤️

အိမ်ထောင်ရေးတွင် မိသားစုအနှောင့်အယှက်များဝင်မည်။ နှစ်ဦးနှစ်ဖက်ကြား ဖြေရှင်းရန်ခက်ခဲသောပြဿနာများ ကြုံရမည်။ စိတ်သဘောထားကွဲလွှဲခြင်း၊ စကားများရခြင်းများ ကြုံတွေ့ရမည်။

၅။ အကျိုးပေးဂဏန်း – (၈ ၊၅၊ ၃)

🐯တနင်္လာသားသမီးများအတွက် တစ်လစာ ဟောစာတမ်း🐯

1. ကျန်းမာရေး 🤒

လက်နှစ်ဖက်စလုံးနှင့်ပက်သက်၍ အထူးဂရုစိုက်ပါ။ ခေါင်းမူးခေါင်းကိုက် မကြာမကြာဖြစ်ခြင်း ကြုံရမည်။ ခြေထောက်၌ သွေးထွက်သံယိုဖြစ်ကိန်းရှိသည်။

ယတြာ- သပြေညွှန့် (၄)ညွှန့် အိမ်ဘုရားတွင် ကပ်လှူပါ။

2. စီးပွားရေး 💵

စီးပွားရေးပိုင်းနဲ့ပက်သက်ပြီး ဝင်တဲ့ငွေ အကုန် ကုန်မယ်။ ဘယ်လောက်ပဲ ကြိုးစားပီးရှာရှာ ဝင်ငွေထက်ထွက်ငွေ ပိုများမယ်။ ဒါပေမယ့် ကုန်တဲ့ငွေတွေက အဖက်တင်မယ်။ အရာရောက်မယ်။ ကိုယ်ကောင်းဖို့အတွက် ကုန်မယ်။

ယတြာ- ညမှာ ကြယ်လေးတွေကို ကြည့်ပြီး ဆုတောင်းပါ။

3. အချစ်ရေး ❤️

အချစ်ရေးမှာ Exကပြန်ပြီး ဆက်သွယ်လာတတ်တယ်။ နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ ပြဿနာလေးတွေကြုံရတတ်တယ်။ ကြုံနေရတဲ့ ပြဿနာတွေကို ကူညီမယ့်သူ မ,စမယ့်သူပေါ်လာမယ်။

ယတြာ- တံခွန်တစ်ချောင်း အနားရှိဘုရား တစ်ဆူမှာ လှူပါ။

4. အိမ်ထောင်ရေး 💖

အိမ်ထောင်ရေးမှာတော့ သူများ တွေ အားကျရလောက်တဲ့ထိ အဆင်ပြေနေမယ်။ ဇနီးမောင်နှံနှစ်ဦးကြား ပြေပြေလည်လည်ရှိမယ်။ ပြဿနာလေးတွေကင်းရှင်းမယ်။ အထူးဂရုစိုက်ရမှာက မတော်တဆ ဘေးလူဝင်နှောက်ယှက်မှုကြုံရတတ်တယ်။ အကယ်၍ အနှောက်အယှက်ကြုံရရင်၊ ပြဿနာလေးတွေတက်ခဲ့ရင် ယတြာ-

လိမ္မော်ရည် ၃ခွက် ဘုရားမှာကပ်လှူပြီးဆုတောင်းပါ။

၅။ အကျိုးပေးဂဏန်း – (၇ ၊ ၄၊ ၀)

၆။ အကျိုးပေးအရောင် – ပန်းရောင်၊ အစိမ်းရောင် ဝတ်ဆင်ပါ။

🦁အင်္ဂါသားသမီးများအတွက် တစ်လစာ ဟောစာတမ်း တင်ပေးလိုက်ပါပြီ။🦁

1. ကျန်းမာရေး🤕

အအေးမိခြင်း၊ နှာစေးချောင်းဆိုးဖြစ်ခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်းနာခြင်း များကြုံတွေရမည်။ မတော်တဆ လက်မှာ မီးပူလောင်ဒဏ်ရာရခြင်း ဖြစ်တတ်သည်။

ယတြာ- အမွှေးတိုင်နှစ်တိုင်နှင့် ဖယောင်းတိုင်နှစ်တိုင် အိမ်ဘုရားမှာ ကပ်လှူပြီး ဆုတောင်းပါ။

2. စီးပွားရေး 💰

မိမိထင်တားသလောက် ငွေမဝင်ဘူး။ ဝင်ရင်လည်းဘဲ ပြန်ထွက်ကိန်းရှိတယ်။ သားသတ်လုပ်ငန်း၊ ဆေးရုံဆေးခန်းတွေကတော့ တော်တော်လေး အဆင်ပြေမယ်။ တခြား လုပ်ငန်းတွေက အရင်လထက် အဆင်ပြေမယ်။

ယတြာ- မီးဖိုချောင်သုံးဓား သုံးချောင်းကို ဘုန်းကြီးကျောင်းမှာ လှူပါ။

3. အချစ်ရေး ❤️

ချစ်သူရည်းစားနှစ်ဉီးကြား စိတ်သထေားကွဲလွှဲမှုတွေကြုံရတတ်တယ်။ မတော်တဆ ချစ်သူရည်းစားနဲ့လမ်းခွဲရတတ်တယ်။ ရည်းစားဟောင်းက ကိုယ့်ကိုပြန်ပြီးဆက်သွယ်လာနိုင်တယ်။

ယတြာ- ပန်းသီး ၃လုံး(သို့မဟုတ်)၅လုံး အိမ်ဘုရားမှာကပ်လှူပါ။

4. အိမ်ထောင်ရေး 💖

ဇနီးမောင်နှံ နှစ်ဦးကြားအဆင်ပြေမယ်။ ဒါပေမယ့် ဘေးလူဝင်ပြီး သွေးထိုးစကားပြောခြင်း​ကြောင့် မတော်တဆ နှစ်ဦးကြား ပြဿနာလေးတွေကြုံရတတ်တယ်။ မိမိတို့နှစ်ဦးကြားပြဿနာများကို ဘေးလူဝင်မနှောက်ယှက်အောင်ကြိုးစားပါ။

ယတြာ- အိမ်ဘုရားမှာ နှင်းဆီပန်း အဖြူရောင်တစ်ပွင့်ကပ်လှူပါ။ ခွေးစာကျွေးပါ။

၅။ အကျိုးပေးဂဏန်း – (၁ ၊ ၄၊ ၃)

၆။ အကျိုးပေးအရောင် – အစိမ်းရောင်၊ ငွေရောင် ဝတ်ဆင်ပါ။

🐘ဗုဒ္ဓဟူး သားသမီးများအတွက် တစ်လစာ ဟောစာတမ်း🐘

1. ကျန်းမာရေး 😷

ညာဖက် ခြေထောက်ထိခိုက်ဒဏ်ရာရတတ်သည်။ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာခြင်းများကြုံရမည်။

ယတြာ- မြေစာ ၅ညွှန့် အိမ်ဘုရားမှာကပ်လှူပြီး ဆုတောင်းပါ။

2. စီးပွားရေး 💎

စီးပွားရေးပိုင်းနဲ့ပက်သက်ပြီး ဝင်သမျှငွေ စုနိုင်မယ်။ ဒါပေမယ့်စိတ်အလိုလိုက်ရင်တော့ ဝင်ငွေထက်ထွက်ငွေပိုများမယ်။ အဝတ်အထည်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများ အရင်လထက်ပိုပြီးအဆင်ပြေမယ်။ တခြားလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ လူမပင်ပန်းဘဲ စိတ်ပင်ပန်းမယ်။

ယတြာ- ချိန်ခွင်တစ်ခု ဘုန်းကြီးကျောင်းမှာကပ်လှူပါ။

3. အချစ်ရေး ❤️

အချစ်ရေးမှာ မထင်တားတဲ့ ပြဿနာတွေကြုံရမယ်။ ဥပမာ-ချိန်းတွေ့နေတာကို အိမ်ကလူတွေ မိသွာတာမျိုးကြုံရမယ်။ ဘေးသူစိမ်းလူ ဝင်နှောက်ယှက်မှုတွေကြုံရမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ သဘောတူမိဘတွေ စိတ်သဘောထားကွဲလွှဲရတတ်တယ်။

ယတြာ- ကုလားထိုင်တစ်ခုံ လှူပါ။

4. အိမ်ထောင်ရေး 💖

အိမ်ထောင်ရေးမှာ အတွင်းရေးပြဿနာလေးတွေကြုံရတတ်တယ်။ စိတ်မပျော်မရွှင်ဖြစ်လာမယ်။ ဇနီးမောင်နှံနှစ်ဦးကြား စိတ်သဘောထားကွဲလွှဲမှုလေးတွေဖြစ်မယ်။

ယတြာ- မိမိမွေးနံနေ့တိုင်း သောက်တော်ရေ(၈)ခွက် ကပ်လှူပူဇော်ပါ။

၅။ အကျိုးပေးဂဏန်း – (၉ ၊ ၇ ၊ ၃)

၆။ အကျိုးပေးအရောင် – မီးခိုးရောင်၊ နံ့သာရောင် ဝတ်ဆင်ပါ။

ရာဟူးသားသမီးများ

ယခုအပတ်မှာ စီးပွားရေး အဆင်ပြေမည်။ မိတ်ဆွေတို့၏ အကူအညီကိုတော့ ရရှိမည်။

နာမည့်မှည့်၊ ကင်းပွန်းတပ် ကောင်းချင်းမင်္ဂလာအရပ်ရပ်များ ပြုလုပ်ရမည်။

လက်ထပ်စေ့စပ်ခြင်း ကိစ္စများ နှောင့်နှေးမည်။ တနင်္ဂနွေ ၊တနင်္လာ သားသမီးများဆို အချစ်ရေး၊ အိမ်ထောင်ရေး မသာယာပြဿနာတက်မည်။ အသက် ၂၀မှာ ၂၇ကြာ အချစ်ရေးစန်းပွင့်၍၊ အလိုလိုနေရင်း အပြောင်းအလဲများနှင့် လမ်းခွဲခြင်း ဥပေက္ခာပြုခြင်းများ ခံစားရလိမ့်မည်။

🐭 ကြာသပတေး သားသမီးများအတွက် ဟောစာတမ်း

1. ကျန်းမာရေး 🤒

လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာရတတ်တယ်။ အထူးဂရုစိုက်ပါ။ နှာစေးချောင်းဆိုး၊ အအေးမိခြင်းတွေ ကြုံရမယ်။

ယတြာ- သံပုရာရည် တစ်ခွက် အိမ်ဘုရားမှာ ကပ်လှူပြီး ဆုတောင်းပါ။

2. စီးပွားရေး 💸

ဘာလုပ်ငန်းဘဲ လုပ်ကိုင်နေပါစေ မိမိထင်ထားသလောက် အဆင်မပြေဘူး။ လက်ထဲငွေမမြဲဘူး။ဝင်ငွေထက်ထွက်ငွေ ပိုများမယ်။ စိတ်ဓာတ်မကျဖို့လိုပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပိုပြီး အဆင်မပြေမှုတွေကြုံရမယ်။

ယတြာ- ငှက်လွှတ်ပြီး စီးပွားရေးအဆင်ပြရန် ဆုတောင်းပါ။

3. အချစ်ရေး 💝

လက်ရှိချစ်ရသူကို အချိန်မပေးနိုင်ဘူးဖြစ်မယ်။ရည်းစားသက်တန်းရှည်သူများ စိတ်ညစ်ရတတ်တယ်။ ကြားလူဝင်နှောက်ယှက်မှုလေးတွေကြုံရမယ်။ မတော်တဆလမ်းခွဲရတတ်ပါတယ်။ ထင်ထားသလောက် အချစ်ရေးမှာအဆင်မပြေဘူး။ Exကို သတိရနေတတ်တယ်။

ယတြာ- မွေးနံနေ့တိုင်း ညောင်ရေသွန်းလောင်းပါ။ ဖြစ်နိုင်လျှင်သက်စေ့ လောင်းပါ။

4. အိမ်ထောင်ရေး 💞

အိမ်ထောင်ရေး အဆင်ပြေချင်ရင် အနီရောင်ရှောင်ပါ။ ဇနီးမောင်နှံနှစ်ဦးကြား စိတ်သဘောထားကွဲလွှဲမှုတွေကြုံရတတ်တယ်။ ဘေးလူသူစိမ်းတစ်ယောက်ရဲ့ သွေးခွဲစကားကြောင့် လင်မယားရန်ဖြစ်ရတတ်သည်။သားသမီးကြောင့် အဆင်ပြေသွားနိုင်ပါတယ်။

ယတြာ- စာကုသိုလ် ဒါနပြုခြင်းဖြင့့် အဆင်ပြေလာစေပါမယ်။

၅။ အကျိုးပေးဂဏန်း – (၈၊ ၄၊ ၃)

🐁 သောကြာသားသမီးများအတွက် ဟောစာတမ်း

၁။ ကျန်းမာရေး 🤒

ဒူးအောက်ပိုင်းကျန်းမာရေး ဂရုစိုက်ပါ။ ခေါင်းမူးခေါင်းကိုက် မကြာမကြာဖြစ်တန်တယ်။ မျက်စိကျန်းမာရေး အထူးဂရုစိုက်ပါ။ ချော်လဲပြီး ဒဏ်ရာကြီးရတတ်တယ်။

ယတြာ- ညတိုင်း လမင်းကိုကြည့်၍ ဆုတောင်းပါ။

၂။ စီးပွားရေး 🔮

ကုန်ဆိုင်များ၊ ပွဲရုံဆိုင်ရှင်များ သိုလှောင်ထားတဲ့ ပစ္စည်းတွေ ခဏနဲ့ရောင်းကုန်မယ်။ ဘယ်ပစ္စည်းပဲ လှောင်ထားလှောင်ထား ရောင်းထွက်မယ်။ အထူးသဖြင့် သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဆေးဆိုင်တွေ အထူးအဆင်ပြေမယ်။ အခြားလုပ်ငန်းတွေ အတင့်အသင့် အဆင်ပြေမယ်။

ယတြာ- လူနာတစ်ဦးအား မိမိတတ်နိုင်သလောက် ဆေးဖိုးလှူပါ။

၃။ အချစ်ရေး ❤️

ချစ်ရေးဆိုထားသူတွေ သတင်းကောင်းကြားရမယ်။ ချစ်သူရည်းစားနှစ်ဦးကြား အဆင်ပြေမယ်။ မတော်တဆ သုံးပွင့်ဆိုင်ကြုံရတတ်တယ်။

ယတြာ- စံပယ်ပန်း (၆)ပွင့် အိမ်ဘုရားမှာ ကပ်လှူပြီးဆုတောင်းပါ။

၄။ အိမ်ထောင်ရေး 💖

ကိုယ့်ရဲ့ လက်တွဲဖော်ကို မယုံသင်္ကာဖြစ်ရတတ်တယ်။ စိတ်သဘောထားကွဲလွှဲမှုလေးတွေရှိမယ်။ ဇနီးမောင်နှံနှစ်ဦးကြား ပြဿနာလေးတွေတက်ရမယ်။

ယတြာ- ငှက်နှစ်ကောင်လွှတ်ပြီး ဆုတောင်းပါ။

၅။ အကျိုးပေးဂဏန်း – (၂ ၊ ၄၊ ၀)

🐉 စနေသားသမီးများအတွက် ဟောစာတမ်း🐉

1. ကျန်းမာရေး 😷

လက်မောင်းကျန်းမာရေး၊ စိတ်ဓာတ်ကျခြင်း၊ နှားစေးခြင်း၊ အအေးမိခြင်း စတဲ့ ဝေဒနာလေးတွေခံစားရပါလိမ့်မယ်။ ဆိုးဆိုးရွားရွားဖြစ်ဖို့မရှိပါ။

ယတြာ- သွားကြားထိုးတံ (၉)ချောင်း ချိုးပြီး ရေရှင်ထဲမျှောပါ။

2. စီးပွားရေး 💎

ဂမ္ဘီယပညာရှင်များ၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူများ၊ ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူများ၊ အဝတ်အထည်လုပ်ငန်းများ အထူးအဆင်ပြေမည်။ တခြားလုပ်ငန်း လုပ်ကိုင်သူများအားလုံး အတင့်အသင့်အဆင်ပြေမည်။ သို့သော်လုပ်ငန်းထဲ၌ စိတ်မပါခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ကြုံရမယ်။

ယတြာ- ပန်းအဖြူနှစ်ပွင့်နှင့်ပန်းအနီနှစ်ပွင့် ပူးတွဲပြီး အိမ်ဘုရားမှာ ကပ်လှူပါ။

3. အချစ်ရေး ❤️

ချစ်သူနှစ်ဦးကြား ဝင်နှောက်ယှက်သူများရှိခြင်းကြောင့် တစ်ဦးပေါ်တစ်ဦး မေတ္တာပျက်ရတတ်သည်။။ သို့သော်ဖြေရှင်းနိုင်စွမ်းရှိမည်။ ပြဿနာအကြီးအကျယ် တက်ကိန်းမရှိပါ။

ယတြာ- အိမ်ဘုရားမှာ နှမ်းဆီနဲ့ ဆီမီးတစ်ခွက် ထွန်းပြီး ဆုတောင်းပါ။

4. အိမ်ထောင်ရေး 💖

အိမ်ထောင်သည် သမားတွေ စိတ်လေမယ်။ မိမိလက်တွဲဖော်ရဲ့ ကျန်းမာရေး​ချို့ယွင်းတတ်တယ်။

မိမိပျော်ရွှင်မှုမပေးနိုင်ခြင်းကြောင့် မိမိရဲ့အိမ်ထောင်ဖက် စိတ်ညစ်ရတတ်တယ်။ အိမ်ထောင်ရေး သိပ်ပြီး မသာယာဖြစ်မယ်။

ယတြာ- သောက်တော်ရေ သုံးခွက် အိမ်ဘုရားမှာကပ်လှူပြီး အဆင်ပြေစေရန်ဆုတောင်းပါ။

၅။ အကျိုးပေးဂဏန်း – (၇၊၀၊ ၄ )

ဆရာအောင်ပိုင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *