သူတို့လည်း စစ်ဘေးရှောင်တာဖြစ်မယ် ပြည်ပြေး(ရုပ်သံဖိုင်)

ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သော Tio စစ်စခန်းမှ စစ်သား ၃၉ ဦး လက်နက်များနှင့်အတူ အိန္ဒိယထဲသို့ ဝင်ပြေးစဉ် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ချင်းပြည် ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲမှာ တပ်ရင်းမှုး အပါအဝင် စစ်အုပ်စု ခုနစ်ယောက် ဖမ်းမိ၊

အလောင်းနဲ့ လက်နက်တွေလည်း ရရှိပြီး စစ်အုပ်စုတချို့ အိန္ဒိယဘက် ထွက်ပြေး၊

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Tio စစ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါ စစ်စခန်းမှ စစ်သား ၃၉ ဦးသည် လက်နက်များနှင့်အတူ အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်လာသဖြင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီနောက် ညနေပိုင်းတွင် Tio စစ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်စခန်းမှ စစ်သားများမှာ လက်နက်များနှင့်အတူ ထွက်ပြေးသွားကြပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသဖြင့် မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရှိရသည်။

“အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို စစ်သားတွေက သေနတ်တွေနဲ့ ပြေးဝင်လာကြလို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းထားတယ်။ လက်နက်တွေပါ သိမ်းလိုက်တယ်။ သူတို့က ချင်းCNA ဦးဆောင်သိမ်းလိုက်တဲ့ Tio စစ်တပ်စခန်းက စစ်သားတွေ။ မနေ့ညပိုင်းမှာ ဝင်လာကြတာ။ မနေ့ညနေပိုင်းမှာ ချင်းတပ်ဖွဲ့တွေက Tio စစ်စခန်းကို သိမ်းတာ” ဟု CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်း ၂ ခုဖြစ်သည့် ရိဒ်စစ်ခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ရာ ရိဒ်ခေါဒါရ်မြို့ကို CNA ဦးဆောင်သော ချင်းတော်လှန်ရေး တပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည် နယ် တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။

ဓာတ်ပုံ- မီဇိုရမ်ထဲသို့ ထွက်ပြေးရောက်ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *