တမူးမြို့ ပန်းသာကျေးရွာ ‘ပြည်တော်ဝင်စစ်ဆင်ရေး’ (ရုပ်/သံ)

တမူးမြို့ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို တော်လှန်ရေးတပ်တွေက ‘ပြည်တော်ဝင်စစ်ဆင်ရေး’အဖြစ် သတ်မှတ်တိုက်ခိုက် (ရုပ်/သံ)
++++++++++++++++++++++
နိုဝင်ဘာ ၁၄ ရက်

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးခရိုင် တမူးမြို့အဝင်ရှိ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ စစ်စခန်း၊ ရဲစခန်းအပါအဝင် ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ‘ပြည်တော်ဝင် စစ်ဆင်ရေး’အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၁၂ နာရီကစတင်ပြီး ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်လက် အောက်ခံစခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးအများအပြားထိခိုက်သေဆုံးမှုရှိခဲ့ တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့ပြီး တမူးမြို့ရှိ စစ်ကောင်စီ စခန်းကုန်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Mi-17 ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ပြီး စစ်သားနဲ့ ပျူစောထီးတွေကို စစ်ကူစေလွတ်ကာ ယနေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၄) တမူး (TSG)၊ Fighter Police CDM၊ ကလေးမြောက်ပိုင်းရာဇဂြိုလ် လျှပ်တစ်ပြတ် တိုက်ခိုက်ရေးအဖွဲ့ (AGF) တို့က မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *