ရွှေဘိုနှင့်ဝက်လက်တို့တွင် စခတပ်စွဲထားသောနေရာကိုနတ်နတ်သီးမိုးရွာ(ရုပ်သံ)

ရွှေဘိုနှင့် ဝက်လက် တို့တွင် စစ်ကြောင်းနှင့် စစ်သားများ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်သားများ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၁ မိနစ်တွင် ကျောက်မြောင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂ မှ ထွက်ခွာ လာသော အင်အား ၅၀ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှေ့ပြေးကင်းအဖြစ် ရွှေဘိုမြို့ ၊ မောင်းတက်ရွာ ထိပ်တွင် ကင်းပုန်းဝပ် နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၇ မိနစ်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်း ပျူစောထီးရွာ ဘုရားဝင်း အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သော WHO AM I – ARMY ၊ Forest Fighter တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *