ရိုးမပေါ်ကျတဲ့မျရည်မဟုတ်ဘူး ပဲခူးရိုးမပေါ်ကမြေဩဇာ(ရုပ်/သံ)

ပဲခူးရိုးမပေါ်သို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးအထက် ဒဏ်ရာရ (ရုပ်/သံ)

နိုဝင်ဘာ ၂၀ ရက်

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ဉီးသေဆုံးပြီး ၃ ဉီးအထက် ဒဏ်ရာရရှိသွားတယ် လို့ Bago Region PDF မှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်ခန့်က ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ် ကျေးရွာအုပ်စု တောင်ခမောက်ရွာနဲ့ ကိုင်းကွာရွာကြား ပဲခူးရိုးမပေါ်သို့ အင်အား ၅၅ ဉီးခန့်နဲ့ စစ်ကြောင်းလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဉီးသေဆုံးပြီး ၃ ဉီးအထက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တိုက်ခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးများအနေဖြင့် မိသားစုအနာ ဂတ်၊ အနာဂတ် လုံခြုံစိတ်ချရေးအတွက် ပြည်သူ့ရင်ခွင်ကို ခိုလှုံ့အလင်းဝင်ကြရန် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲအသီးသီးမှ ရဲဘော်များနဲ့ Sniper အဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ တို့က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *