နောင်ချိုမှာ အလှုပစ္စည်းအမြောက်အများရရှိခဲ့ပြန်ပီ

နောင်ချိုမြို့နယ်ရှိ အကျဥ်းစခန်း ၄ ခု TNLAနှင့် မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက် အမြောက်အများ သိမ်းဆည်းရရှိ

နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကျဥ်းစခန်း ၄ ခု TNLAနှင့် မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက် အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း ၄ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *