နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတာကြောင့် စစ်သုံးပန်း (၄)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
+++++++++++++++
နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက်နေ့ မနေ့ည ၉ နာရီအချိန်မှာ ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချခဲ့ရာ စစ်သုံးပန့် (၄)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အဲ့ဒီရဲစခန်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ ဒလန်များနဲ့ စစ်သုံးပန့်များကို ထိန်းသိမ်းထားခဲ့ရာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ပေါင်(၅၀၀)ဗုံးဟာ ဒိုပင်ရဲစခန်းအပေါ် တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲစခန်းအတွင်း ထိန်းသိမ်းထားတဲ့ စစ်ကောင်စီ ဒလန်များနဲ့ စစ်သုံးပန့်များ ကျည်ဆံထိမှန်ပြီး (၄)ဦးသေဆုံးကာ (၁၀)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဒိုပင်ရဲစခန်းဟာ တအာင်းတပ်မတော် PSLF/TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။