ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး (ရုပ်/သံ)
နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာန၊ တပ်ရင်း ၈၀၄ မှ သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊နေပြည်တော်စစ်တိုင်းဌာန၊ဗျူဟာ၁ (အမှတ် ၈၀၄ တပ်ရင်း၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ပူးပေါင်းစစ်ကြောင်း)စစ်ကြောင်းက နယ်မြေစစ်ဆင်ရေးဆောင်ရွက်ချိန် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာအနီးမှာ စခန်းချတပ်စွဲထားတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ အသေပျောက်ရှိနိုင်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးတင်ပါးရှပ်ထိဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ဘက်မှ ၄ ဦးကျဆုံးပြီး စစ်သား ၁၂ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေကို ကမာဒီပူလီရွာအနီး တောင်ယာများမှာ မြုပ်နှံသွားပြီး ဒဏ်ရာရရှိသူများကို ထမ်းပိုးခေါ်ဆောင်ဖို့ ဒေသခံရွာသားများကို အတင်းအဓ္ဓမ ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။