Federal Wingsဝေဟင်အဖွဲ့ကလည်း အကောင်ကြီးတွေပဲြကိတ်ထားတာနော် အားရစရာ

Federal Wings ဒရုန်းတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များ စစ်ဆင်ရေးအတွင်း ဗိုလ်မှူးကြီး ၁ ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အရှင်ဖမ်းမိကာ ၂၄ ဦး လက်နက်ချအညံ့ခံ…

တောင်ကလေးရဲစခန်းကို ဒရုန်းနဲ့ ဗုံးကျဲရာ တပ်ကြပ် (၁)ဦးအပါ စုစုပေါင်း (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိ…

နိုဝင်ဘာ ၂၁

KNU/KNLA တပ်မဟာ (၆) နယ်မြေ ၊ တပ်ရင်း (၁၇) ရှိ Federal Wings ဒရုန်းတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များ စစ်ဆင်ရေးအတွင်း ဗိုလ်မှူးကြီး ၁ ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အရှင်ဖမ်းမိကာ ၂၄ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ (၁၃) ရက်နေ့ နေ့လည်ပိုင်းမှာ ကျိုက်မရောမြို့နယ်၊ မယ်ဒီလိုရှိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို KNLA တပ်ရင်း (၁၇)၊ Lion Battalion၊ SOF၊ Cloud Wings တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး Federal Wings ဒရုန်းတပ်ဖွဲ့က (၂) ကြိမ် ပျံသန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးကြီး (၁)ဦး ဒရုန်းဗုံးကြဲချိန် ထွက်‌ပြေးရင်း Sniper ထိ သေဆုံးခဲ့တဲ့ အပြင် ဒုဗိုလ်မှူးကြီး (၁)ဦး သေဆုံးကာ ဗိုလ်ကြီး (၁)ဦး အရှင်ဖမ်းမိပြီးသလို အရာရှိ (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး (၂၄)ဦီး လက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ (၂) ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနဲ့ ခလရ (၃၂)၊ ခမရ (၂၈၄)၊ ခမရ (၂၈၃) တို့ကို ဝင်ရောက်တိုက်ခိုက်မှုများမှာ KNLA တပ်ရင်း (၁၇) နဲ့တွဲဖက်ပြီး Federal Wings ဒရုန်းတပ်ဖွဲ့က (၃) ကြိမ် ပျံသန်းစစ်ဆင်ခဲ့ပါသေးတယ်။

ဒါ့အပြင် နိုဝင်ဘာ (၁၂)ရက်နေ့ ညပိုင်းမှာ တပ်မဟာ (၆) နယ်မြေအတွင်းရှိ တောင်ကလေးရဲစခန်းကို KNLA တပ်ရင်း (၁၇) ၊ SOF အဖွဲ့များနဲ့ ပူးပေါင်းပြီး Federal Wings ဒရုန်းတပ်ဖွဲ့က (၂)ကြိမ် ပျံသန်းစစ်ဆင်ခဲ့သေးသလို နိုဝင်ဘာ (၁၄)ရက်၊ (၁၅)ရက်၊ (၁၆)ရက်နဲ့ (၁၇)ရက်နေ့များက ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွရဲစခန်းကို စုစုပေါင်း (၁၅)ကြိမ် စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာ (၁၈)ရက် ညနေ (၆)နာရီခန့်မှာလည်း KNLA တပ်ရင်း (၁၇)၊ SOF ၊ Cloud Wings တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး Federal Wings ဒရုန်းတပ်ဖွဲ့က (၂)ကြိမ် စစ်ဆင်တိုက်ခိုက်ခဲ့သေးသလို နိုဝင်ဘာ (၂၀)ရက်နေ့မှာလည်း KNLA တပ်ရင်း (၁၇) နဲ့ပူးပေါင်းပြီး Federal Wings ဒရုန်းတပ်ဖွဲ့က တောင်ကလေးရဲစခန်းကို (၄)ကြိမ် ပျံသန်းစစ်ဆင်ခဲ့ရာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က တပ်ကြပ် (၁)ဦးအပါ စုစုပေါင်း (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိသွားတယ်လို့ ကနဦးသတင်းများအရ သိရပြီး နောက်ဆက်တွဲ အထိခိုက် အကျဆုံးသတင်းများကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

အခြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသများမှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပါဝင်တိုက်ခိုက်နေပြီး အင်အားတိုးချဲ့တာတွေကို အစဉ်မပြတ် ဆောင်ရွက်နေပြီး လတ်တလော ကာလ တိုက်ပွဲဖော်ဆောင်မှုများအတွင်း မလိုလားအပ်တဲ့ သတင်းပေါက်ကြားမှုများကို ထိန်းချုပ်နိုင်ဖို့အတွက် Federal Wings ​ဒရုန်းတပ်ဖွဲ့ရဲ့ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှုများကို လျှော့ချထားပြီး သင့်လျော်တဲ့ အချိန်အခါများမှာသာ သတင်းထုတ်ပြန်မယ်လို့ Federal Wings က သတင်းထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *