တပ်ထဲမနေပဲအပြင်ထွက်တာကိုး ဝဋ်လည်တာနော်

ရွှေဘိုမှာ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၆ဦးသေဆုံး

+++++++++++++++++

နိုဝင်ဘာ၊ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အ.လ.က (၁) အနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇နာရီ ဝန်းကျင်အချိန်မှာ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးသွားတယ်လို့ Black Silencers Defence Force တာဝန်ခံ က အတည်ပြုပါတယ်။

လေ့ကျင်ရေး (၈) က သံပြားကာ: ၂ စီး၊ Pardro ၁စီး၊ ကားကြီး၃စီးဖြင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဟား ၆ဦး သေဆုံးကာ ခန့်မှန်း ၇ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

“ သတင်းကြိုရလိုက်တော့စောင့်နေလိုက်တာ၊ သူတို့နားတဲ့နေရာက မိုင်းပေါ်မှာဖြစ်နေတော့ ကွက်ထိဖြစ်သွားတာပေါ့” လို့ Black Silencers Defence Force တာဝန်ခံ ကိုဆွေကြီးက “မောင်း” ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတာကြောင့် လက်နက်ငယ်တွေ အပြင် ၆၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အနီးအနားမှာရှိနေတဲ့ ပြည်သူတစ်ဦး‌ ခြေထောက်ကို ထိမှန်သွားကာ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အလားတူ ၁၆ ရက်နေ့ ည ၈နာရီ ဝန်းကျင်လောက်မှာလည်း ရွှေဘို၊ မင်းကုန်းရွာ အနီးမှာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

“၁၆ ရက်နေ့ကတော့ မနေ့က မိုင်းမိထားတော့ ဂျန်မာတွေပါလာတယ်၊ ဂျန်မာပါတော့မိုင်းက ခွဲလို့မရဘူးဖြစ်နေတာ၊ မီတာဝေးနေတော့၊ ညကလည်းမှောင်နေတော့။ နည်းနည်းရှေ့တိုးပြီးခွဲလို့ ကွဲသွားတာ”

“ထိသွားတော့ အသံတွေက ကြားနေရတယ်၊ ရန်းမပစ်နဲ့ မထိသလို ဝပ်နေပေါ့ဆိုပြီး သူတို့ဗိုလ်က အမိန့်ပေးနေတာကြားတယ်၊ မျက်မြင်တွေ့လိုက်တဲ့ ပြည်သူတွေက တစ်ဆင့်သိရတယ် ဒဏ်ရာက ပြင်းထန်တယ်လို့ပြောတယ်” လို့ ၎င်းကဆက်ပြောပြပါတယ်။

လက်ရှိမှာတော့ တခြားနေရာက တိုက်ပွဲတွေကြောင့် ရွှေဘိုမြို့မှာတော့ စစ်ကောင်စီတပ်များဟာ အခြေအနေ ငြိမ်သက်လျက်ရှိ နေတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုတွေ အပြီးမှာတော့ တော်လှန်ရေး အင်အားစုများဟာ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Black Silencers Defence Force ၊ ရွှေဘိုအားမာန်မြို့ပြပြောက်ကျားအဖွဲ့ ၊ 96 Soldiers၊ Burmese Farmers Defense Force ၊ ShweBo Crocogile ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Flying Dragon Force ၊ သိင်္ခအားမာန်၊ Shwebo Federal Army ၊ Snake Eyes ၊ ဘီလူးညီနောင်အဖွဲ့ ၊ ရှင်းရှင်း ပ.က.ဖ ၊ ရွှေဘိုဒေါင်းမာန် ၊ မဟူရာရွှေဘိုသား၊ Bo Ba Taw ၊ HG Fighter ၊ ဇေယျာသွေး၊ ရွှေဘိုစွန်ရဲ နှင့်မဟာမိတ်ညီနောင်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *