ကျိုက်မရော၊ ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တိုက်ခိုက်ခံရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လက်နက် ၆ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)
+++++++++++++++++++++++++++++++++
နိုဝင်ဘာ ၂၁ ရက်
အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ လက်နက် ၆ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိတယ်လို့ Lion Battalion စစ်ကြောင်းမှ သတင်းရရှိပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ဗိုလ်အယ်စေးဝါးဦး ဆောင်သော မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၆ လက်နဲ့ ခဲယမ်းများထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က လက်လွှတ်ခဲ့ရတဲ့ ချောင်းနှစ်ခွတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းပစ်ကူများ အသုံးပြုပြီး မြေပြင်ထိုးစစ်များနဲ့ ထိုးစစ်ဆင်ခဲ့သော်လည်း ကြားဖြတ် တိုက်ခိုက်ခံရပြီး လက်နက်၆လက်အား ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်မှအကျဆုံးစာရင်းများအား အတည်မပြုနိုင်သော်လည်း ဖရိုဖရဲနဲ့ ထွက်ပြေးဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။