အဘကစိတ်ဓာတ်ပဲနော် CDMဝင်အောင်အားပေးနေတယ်

Non-CDM ၀န်‌ထမ်းများ စစ်မှုထမ်းရမည်ဟုဆိုသောကြောင့် MOGE မှ၀န်ထမ်း ၃၀ ကျော်နုတ် ထွက်စာတင်

ဧရာ၀တီတိုင်းမ်

နို၀င်ဘာလ ၂၁ ရက်

နေပြည်တော်ရှိ ဌာနဆိုင်ရာရုံး၀န်ထမ်းများ အရန်အင်အားဖွဲ့၍ စစ်မှုထမ်းရမည်ဟု ညွှန်ကြားချက်များထွက်လာပြီးနောက် Non CDM ၀န်ထမ်းများ နုတ်ထွက်စာ တင်နေကြောင်း သိရသည်။

အဆိုပါ နုတ်ထွက်စာတင်သည့် ရုံးဌာန၀န်ထမ်းများထဲတွင် နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ လုပ်ငန်း (MOGE)မှ ၀န်ထမ်း ၃၀ ကျော်မှာ နုတ်ထွက် စာတင် ထားမှုတွင် ပါ၀င်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“နုတ်ထွက်စာအပြိုင်တင်နေကြတဲ့အထဲမှာ MOGE က ၀န်ထမ်းတွေလည်း ပါတယ်။ အကုန်လုံး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ နုတ်ထွက်စာတင်နေကြတာ။ တင်သာ တင်နေတာ တချို့က ဖောင်ကြီးရောက်တဲ့သူတွေ ရောက်သွားကြပြီ” ဟု ဌာနဆိုင်ရာ ရုံး၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်မှုမထမ်းလိုသည့်အတွက် ကျန်းမာရေးအကြောင်းပြ၍ လက်ရှိ တပြိုင်နက်တည်း၊ တစ်ရက်တည်း နုတ်ထွက်စာတင်သူ Non CDM ၀န်ထမ်းဦးရေ ၈၀ ကျော်ရှိပြီး MOGE မှ၀န်ထမ်း ၃၀ ကျော်ပါ၀င်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ် ငွေ့လုပ်ငန်း MOGE ရုံးကို ၀င်ရောက်စီးနင်းခဲ့‌ပြီး နိုင်ငံတကာမှ ပိတ်ဆို့အရေး ယူမှုများကြောင့် ပြည်ပတွင်အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေသည့် သတင်းပေါက်ကြားသည်ဟုဆိုကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MOGE ရုံးမှ အရာရှိကြီးများကို ခေါ်ယူစစ်ဆေးပြီး နောက် ၎င်းတို့၏ ဌာနခွဲဖြစ်သည့် စီမံဌာနမှ ၀န်ထမ်းများအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများပြုလုပ်ကာ လပိုင်းအကြာတွင် ပြန်လည်လွှတ် ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာ၏ဓာတ်ငွေ့လုပ်ငန်း MOGE တွင် စီမံကိန်း၊ ရှာဖွေရေး၊ တူးဖော်ရေး၊ ထုတ်လုပ်ရေး၊ စီမံအုပ်ချုပ်၊ ငွေစာရင်း၊ ကမ်းလွန်း၊ အင်ဂျင်နီ ယာ၊ ပစ္စည်းကိရိယာ၊ စွမ်းအင်မူဝါဒစသည့် ဌာနခွဲများရှိပြီး ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်း ဖြစ်ပြီး၊ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးသက်ထွန်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *