လူမဆန်တဲ့လုပ်ရပ်တွေ ရည်ရွယ်ချက်ရှိရှိလုပ်တာ(ရုပ်သံ)

မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်း ဝင်းထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်မှု ကားစီးရေ အနည်းဆုံး ၃၀ ကျော် မီးလောင်နေ(ရုပ်/သံ)

နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေကြောင်း၊ လက်ရှိအချိန်အထိ ကုန်ကားစီးရေ အနည်းဆုံး ၃၀ ကျော်မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေခြင်းဖြစ်ကြောင်း၊ ကုန်ကားများမှာ ကုန်အပြည့်ဖြင့် တရုတ်ပြည်ဘက်သို့ ပို့ကုန်များ တင်ပို့ရန် ရောက်ရှိနေသော ကားများဖြစ်ပြီး ယာဉ်ရပ်နားဝင်းထဲတွင် ရပ်နားစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မီးလောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေရဲ့ လက်နက်ကြီးကြောင့် ကုန်ကားတွေက ကားဝင်းထဲရပ်ထားတုန်း မီးလောင်ကုန်တယ်။ ကုန် အပြည့်နဲ့ကားတွေပါ။ ဒီမနက် ၆နာရီဝန်းကျင်လောက်က လက်နက်ကြီးကျပြီး စလောင်တယ်။ ကျင်စန်းကျော့မှာပါ။ လောင်နေတုန်းပဲဗျ။ ကားတွေက အရမ်းများတယ် ။ လူတွေလည်း အကုန်ရှောင်ခိုင်းနေတာ ကျင်စန်းကျော့မှာပါ။ ကုန်အပြည့်တင်ထားတဲ့ ကားတွေ မီးလောင်နေတော့ ဆုံးရှုံးမှု အရမ်းများမယ်”ဟု မူဆယ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယာဉ်ရပ်နားစခန်းတွင် ရပ်နားထားသော ကုန်ကား စီးရေ ၁၀၀ ဝန်းကျင်ရှိနေပြီး လက်ရှိအချိန်အထိ မီးမှာ အရှိန်ပြင်းပြင်း တောက်လောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *