စခမုန့်ဟင်းခါးမျိုးစုံ

ပေါက်တောမြို့ပေါ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၄၈ ဦးသေဆုံး၊ ကလေးမြို့နယ်ရှိ စစ်တပ်၏ ရန်ကြီးအောင် စခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ဓားစာခံပြည်သူအချို့ နှင့် နေအိမ်များအတွင်း ပုန်းအောင်းကျန်နေခဲ့သော ပြည်သူများကို ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၈ ဦးသေဆုံးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၌ ပေါက်တောမြို့ပေါ်တွင် စစ်တပ်က ဖမ်းဆီးသူများနှင့် ပိတ်မိနေသူများကို AA တပ်ဖွဲ့က ကယ်ထုတ်စဥ် တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း၊ ဒုတိယနေ့တွင်လည်း စစ်တပ်က ဖမ်းဆီးသွားသူများနှင့် ပိတ်နေသူများကို ထပ်မံ ကယ်ထုတ်စဥ် တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၃ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၁၈ ဦး ခန့် ဒဏ်ရာရရှိပြီး အကြမ်းဖက် စစ်ကောင် စီတပ်သားများ အသုံးပြု သော ဒရုန်းစက်အပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရခိုင့်တပ်တော် – AA တပ်ဖွဲ့ဝင်များအနေဖြင့် ပေါက်တောမြို့အတွင်း၌ လူသားဒိုင်းကာအဖြစ် ပြန်ပေး ဆွဲခံထားရသော ကျန်ရှိနေသေးသည့် ဓါးစာခံပြည်သူများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေး အ တွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဆက်လက် သုတ်သင် ရှင်းလင်းလျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ယမန်နေ့နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ကလးမြို့နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင် စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီ တပ်သား ၁၅ ဦး၏ ရုပ်အလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Kalay PDF ၊ CDF KKG ၊ CNDF ၊ RKDF UG နှင့် ကလေးပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF မှ ဆလိုင်းဗန်နွန်ထန်း ကျဆုံးကာ ကျန်တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *