အောင်သာယာတိုက်ပွဲကနေ အောင်ပွဲနဲ့ပြန်လာတဲ့ PLAတပ်မတော်သားတွေကိုသပြေပန်းနဲ့ သောင်းသောင်ဖြဖြကြိုဆို(ရုပ်သံ)

အောင်သာယာတိုက်ပွဲကနေ အောင်ပွဲနဲ့ပြန်လာတဲ့ PLA-ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို ဒေသခံလူထုက သပြေပန်းနဲ့ သောင်းသောင်ဖြဖြကြိုဆို

နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊အောင်သာယာတိုက်ပွဲမှာအောင်ပွဲရပြီး ပြန်လာကြတဲ့ PLA-ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တွေကို ဒေသခံ ပြည်သူလူထုက အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုနေကြတယ်လို့ PLAဘက်က အသိပေးထားပါတယ်။

ယမန်နေ့က PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၀ယောက်ထက်မနည်းသေ၊ ၁၅ယောက်ကျော်ဒဏ်ရာရပြီး သုံ့ပန်း ၇ယောက်ဖမ်းဆီးပြီး အောင်ပွဲရလာတာလို့ဆိုပါတယ်။

အောင်သာယာကျေးရွာတွင် အခြေပြုနေသော စကစတပ်သားများနှင့်ပျူစောထီးများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်အရုဏ်တက်ချိန်တွင် သွားရောက်တိုက်ခိုက်ပြီး အောင်ပွဲခံနိုင်ခဲ့တာလို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *