လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင်

လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးတပ်များက ဆင်နွှဲလျက်ရှိသော လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အလင်းဝင်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၅) ရက်နေ့ တွင် ၁၁.၁၁ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲ အတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ​၏တိုက်ခိုက်မှုကြောင့် စစ်ကောင်တပ်သား ၁၅ ဦး လက်နက်ချ ဘက်ပြောင်း အလင်းဝင်လာကြောင်း၊ လွိုင်ကော်မြို့အတွင်းကျန်ရှိနေသေးသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ကိုလည်း အမြန်ဆုံး လက်နက်ချ ဘက်ပြောင်းအလင်းဝင်ရန် အတွက် KNDF တိုက်တွန်းထားသည်။

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *