အောင်လံမြို့အခြေအနေ

အောင်လံမြို့ လျှပ်စစ်ရုံးကို မိုင်းပစ်တိုက်ခိုက်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မကွေးတိုင်း၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ အောင်လံ မြို့နယ် လျှပ်စစ်ရုံးကို မိုင်းပစ်တိုက်ခိုက်ခဲ့ ရာ ပေါက်ကွဲမှုရှိခဲ့ကြောင်း Mandalay People Rescue တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က အောင်လံမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် ထောက်တိုင် အမာခံရုံးကို တိုက်ခိုက်ရန် စီစဉ်ပြီးသွားရောက်ခဲ့ရာ မြို့တွင်းကြပ်မှု အခြေအနေကြောင့် အောင်လံမြို့၊တရော်ကုန်းရပ်ကွက်ရှိ အောင်လံမြို့နယ် လျှပ်စစ်ရုံး – EPC ကို မိုင်းပစ် တိုက်ခိုက်ခဲ့ခြင်း ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် မိုင်းပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းနေတုန်းပါပဲ၊ မန္တလေးမှာရော အောင်လံမြို့မှာရော တပြိုင် တည်းတိုက်ခိုက်ခဲ့တာပါ၊ မန္တလေးနေရာက ပစ္စည်းချို့ယွင်းချက်ကြောင့် မိုင်းက မကွဲခဲ့ဘူး၊ ကျနော်တို့ လက်နက်ခဲယမ်းလိုအပ်နေပါတယ်ဗျ၊ မိဘပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြပါအုံးလို့ မေတ္တာရပ် ခံချင်ပါတယ်” ဟု Mandalay People Rescue တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မန္တလေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နေရာတစ်ခုကို မိုင်းခွဲ တိုက်ရန်စီစဉ်ခဲ့သော် လည်း မိုင်းပစ္စည်း ချို့ယွင်းမှုဖြစ်ခဲ့သဖြင့် အောင်မြင်မှုမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်မိုင်းပစ်တိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – အောင်လံ ၊ Mandalay People Rescue – MPR ၊ Mandalay Urban Revolution(MUR) နှင့် Revolution Group တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

မြို့ပြစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုံး အဆောက်အအုံများ ၊ စစ်တပ်စခန်းများ၊ စစ်သား၊ ရဲများနှင့်အတူ အနီးအနားသွားလာနေထိုင်ခြင်း မပြုကြရန် တော်လှန်ရေးအဖွဲ့များက အသိပေးထားသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ပုစွန်ဆိတ်ဆင်ဝိုင်းဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမီးရှို့ဖျက်ဆီးထားသည့် ပုစွန်ဆိတ်ဆင်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ပြန်ဆုတ်သွားကြောင်း သိရသည်။

“သူတို့က အင်အားလည်း နည်းတော့ ပြန်ဆုတ်သွားတာ၊ အခု အင်အား ထပ်ဖြည့်ပြီး တက်လာနေပြီ လို့ သတင်းရတယ်၊ တိုက်ပွဲထပ်ဖြစ်မယ့်အနေအထားတော့ရှိတယ်၊ မြို့ထဲကို PDF တွေ ဝင်လာမှာ ကြောက် လို့ဆိုပြီး ရိုးမတောင်ခြေက ရွာတွေကိုလည်း ညမထွက်ရအမိန့်တွေ ထုတ်ထားတယ်၊ ရိုးမအစပ်က မြို့ထဲ ဝင်လို့ရမယ့်လမ်းတွေ အကုန်လုံးမှာ ကင်းပုန်းတွေလည်း ချထားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သားများ အသုံးပြု သည့် ပစ္စည်းအချို့ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Spring Warriors Columnဖာပွန်ခရိုင်၊ PDF အမှတ် (၁)တပ်ရင်း (P27001)မှ တပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *