မြင်းခြံမြို့ စခဂိတ်စခန်းတိုက်ခိုက်မှု၁၁အိတ်မြေဩဇာဖြစ်

မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီး လာရောက် စစ်ဆေးသော စစ်သားများကိုလည်း ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြင်းခြံမြို့နယ်၊ ဥဒယကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို နာရေးကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

” ကန်တော်ရွာနဲ့ ဥဒယရွာ အကြားမှာ ခြေလျင်ထွက်လာတဲ့ စစ်ခွေး ၈ ကောင်ကို မိုင်းဆွဲ တိုက်ခိုက်တာ ၁ ကောင်မှ ပြန်မပစ်နိုင်ဘူး။ ၈ ကောင်သေတယ်။ တလုပ်ကျေးရွာက စစ်ဆေးရေး ဂိတ်စခန်းနဲ့ လာစစ်တဲ့ စစ်ခွေးတွေကို မိုင်းဆွဲတာ ၃ ကောင်သေတယ်” ဟု နောင်ရိုးအထူးပြောက်ကျားတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၆) တပ်ရင်း တပ်ခွဲ (၁) နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF နှင့်တကွ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း Taloke-PDF နှင့် MyinGyan MP-9 အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *