မူဆယ်၁၀၅မိုင်အနီး လုံခန်စခစခန်းတိုက်ခိုက်မှုတွင်း ရင်းမှုးတစ်ကောင်ဂန့်

ူဆယ် ၁၀၅ မိုင်အနီးက လုံခန် စစ်ကောင်စီတပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူး သေဆုံး

နိုဝင်ဘာ ၂၇

ရှမ်းမြောက်၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်နဲ့ နမ့်တောင်းကြားက စစ်ကောင်စီရဲ့ လုံခန် တပ်စခန်းကို MNDAA ပူးပေါင်းတပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ဝန်းကျင်က တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်ရင်းမှူး သေဆုံးသွားတယ်လို့ MNDAA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ‌ပြောပါတယ်။

ဒီစခန်းသိမ်း တိုက်ပွဲမှာ မိထ္ထီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ ခလရ (၇၉) တပ်ရင်းမှူး သေဆုံးသွားတယ်လို့ MNDAA နဲ့ နီးစပ်သူက ပြောပါတယ်။

“မနေ့က ၁ နာရီလောက်က သိမ်းလိုက်တာ။ တပ်ရင်းမှူးလည်း ကျတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

အရင်က လုံခန် စစ်ကောင်စီ တပ်စခန်းကနေ ဒေသတွင်း ကျေးရွာတွေကို အ‌မြာက်နဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး အခုစခန်းသိမ်း တိုက်ပွဲမှာ လက်နက် ခဲယမ်း ရရှိမှုနဲ့ ထိခိုက် သေဆုံးမှု သေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ၇ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့ နေ့လယ်က လေယာဥ်နဲ့ကို လာပစ်သွားတာ လုံခန်ကို” လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နမ့်တောင်းနဲ့ မူဆယ်ကြား လမ်းတွေ နိုဝင်ဘာ ၂၅ ရက်နေ့ ကတည်းက ပိတ်ထားလိုက်ပြီး ဒေသခံတွေကတော့ တိုက်ပွဲ လွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မုံးကိုး တိုက်ပွဲမှာ တပ်မ (၉၉) တပ်မမှူး သေဆုံးခဲ့သေးတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *