ခုတစ်ခါအလှည့်ကျတာကတော့ အကောက်ခွန်ကနန်းနန်းတွေပဲဖြစ်ပါတယ်

စစ်ကောင်စီက Non CDM အကောက်ခွန် အရာရှိတွေကို လက်နက်တွေထုတ်ပေးပြီး စစ်တပ် အရံအင်အား အဖြစ်သုံးဖို့ စီစဉ်နေ

C8 News

ရန်ကုန်၊နိုဝင်ဘာ(၂၇)

အာဏာသိမ်းစစ်ကောင်စီက Non CDM အကောက်ခွန်ဝန်ထမ်းတွေကို လက်နက်တွေထုတ်ပေးထားပြီး စစ်တပ်အရံအင်အားအဖြစ် သုံးဖို့စီစဉ်နေတယ်လို့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ The Fifth Column ဆီကသိရပါတယ်။

စစ်ကောင်စီက အကောက်ခွန် အရာရှိတွေကို လက်နက်တွေထုတ်ပေးထားတယ်လို့ အကောက်ခွန်ရုံးက ဖရဲသီးဆီကရရှိတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့အဖွဲ့က အခုလို ထုတ်ပြန်ထားတာပါ။

” မင်းအောင်လှိုင်စစ်တပ်ဟာ အင်အားချိနဲ့လာလို့ သူ့အောက်က Non CDM အရပ်သား ဝန်ထမ်းတွေကိုပါ အရံအင်အား အနေနဲ့ အသုံးပြုဖို့ ကြိုးစားလာတာပါ။ အရပ်သား ဝန်ထမ်းတွေအနေနဲ့ မင်းအောင်လှိုင်စစ်တပ်က ထုတ်ပေးတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားတာဟာ အလွန်ပဲ အန္တရာယ်များလှပါတယ်။ သိပ်မကြာခင်က မင်းအောင်လှိုင်စစ်တပ် ထုတ်ပြန်ထားတဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေအရ လက်နက်ကိုင်ဆောင်ထားသူတွေဟာ အရံအင်အားအဖြစ်ရှိနေပြီး အချိန်မရွေး စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ဆောင်လိုက်ပြီဆိုတာနဲ့ အရပ်သားလို့ ခေါ်လို့ မရတော့ပါဘူး” လို့ The Fifth Column ကအသိပေးထားပါတယ်။

စစ်ကောင်စီက ပြဌာန်းထားတဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ဥပဒေအရလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ရရှိသူတွေရဲ့ တာဝန်တွေမှာ ” ဒေသဆိုင်ရာလုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ထိန်းသိမ်း စောင့်ရှောက်ရန်အလို့ငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်” လို့ဖော်ပြထားပါတယ်။

Photo-CJ(အကောက်ခွန်ရုံးကို CDM လုပ်ဖို့ ၂၀၂၁ခုနှစ်အတွင်းကသွားရောက် ဆန္ဒထုတ်ဖော်ချိန်-ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *