ရဲသားကြီးကကိုလှရွှေ လူဆိုးဖြစ်လို့ ဓားပြတိုက်နေ

မုံရွာမှာ ဓားမြမှုတွေ ဆက်တိုက်ဖြစ်၊ နေအိမ်နဲ့ စျေးဆိုင်တွေ သာမက ကိုယ်ပိုင်ကျောင်းပါ ဓားပြတိုက်ခံရ၊

ဘုန်းစိုး/MFP ၊ နိုဝင်ဘာ – ၂၇

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ယခု နိုဝင်ဘာ တတိယပတ် တစ်ပါတ်အတွင်းမှာပဲ ဓားမြမှု နှစ်ကြိမ် ဖြစ်ခဲ့ကာ မုံရွာမြို့ ဘုန်းစိုးရပ်ကွက်က အိမ်တစ်အိမ်နဲ့ ကျောက္ကာလမ်းပေါ်က ကိုယ်ပိုင်ကျောင်းတို့ ဓားပြတိုက် ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နို၀င်ဘာ(၂၁)ရက်က မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ပိတောက်လမ်းက နေအိမ်တစ်အိမ် ဓားမြတိုက် ခံခဲ့ရပြီး နို၀င်ဘာ (၂၄)ရက်မှာ နန္ဒ၀န်ရပ်ကွက်၊ ကျောက္ကာလမ်းအနီးက ကိုယ်ပိုင်ကျောင်း တစ်ကျောင်း ဓားမြတိုက် ခံခဲ့ရတာလို့ ဆိုပါတယ်။

“ဘုန်းစိုးရပ်ကွက်ထဲက အိမ်က သိန်း(၁၀၀၀)လောက် ပါသွားတယ် ပြောတယ်။ အိမ်စီးကား သုံးစီးနဲ့ လာတိုက်တာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဘုန်းစိုးရပ်ကွက်ထဲက ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ် အနီးမှာ ဖြစ်ပြီး စစ်အုပ်စုဂိတ်နဲ့အနီးမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရတာလို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်၊ ကျောက္ကာလမ်းအနီးက ကိုယ်ပိုင်းကျောင်းကို ဓားမြတိုက်သူတွေဟာ မနက်(၉)နာရီ၀န်းကျင် ကျောင်းမှာ ဘုရား၀တ်တတ်ချိန်မှာ ၀င်ရောက် ဓားမြတိုက်တာ ဖြစ်ပြီး ကျပ်သိန်း(၁၀၀)၀န်းကျင် ပါသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲ့ဒီကျောင်း ဓားမြတိုက်ခံရအပြီးမှာ စစ်အုပ်စုက လမ်းသွား၊လမ်းလာ ပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြေေပါတယ်။

“ကျောင်း ဘုရား၀တ်တက်ချိန်ဆိုတော့ ကျောင်းတံခါး အသေးပေါက်လေးက မပိတ်သေးတာပေါ့။ လူမစုံသေးလို့လေ။ လူစုံမှ တံခါး အကုန်ပိတ်တာ၊ အဲ့ဒီအချိန် ဖြစ်သွားတာ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားမြတိုက်ခံခဲ့ရတဲ့ ကိုယ်ပိုင်ကျောင်းဟာ စစ်အုပ်စု လက်အောက်ခံ ရဲတွေ အခြေပြုတဲ့ တိုင်းရဲရုံးရဲ့ အနီးမှာ ရှိာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်ပါ ဓားပြမှုတွေ အပါအဝင် မုံရွာမှာ ဖြစ်ပွားတဲ့ ဓားပြမှုတွေမှာ စစ်အုပ်စုကို အကြောင်းမကြားပေမယ့် စစ်အုပ်စုက ချက်ချင်းရောက်ရောက်လာလို့ မြို့ခံတွေကြား သံသယ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူတာ မရှိသလောက် နည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်(၁၀)ရက်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်က နေအိမ်တစ်အိမ် ဓားပြတို်ကခံရပြီး မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင် အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီ ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်သူတွေကို စစ်အုပ်စုက ဖမ်းဆီးအရေးယူတာ မရှိလို့ ဒေသခံ တော်လှန်ရေးတပ်တွေက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူထားပါတယ်။

မုံရွာမြို့အဝင်မှာ ခရီးသွားပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *