အော်ဟစ်ဆဲဆို လိုက်လံဖမ်းဆီးပေမယ့် ” ရန်ကုန်မှာပြန်ဆုံမယ် ” စာတန်း ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းမှာ ရေဘဝဲချိတ်ဆွဲ
ရန်ကုန်၊နိုဝင်ဘာ(၂၇)
ဒီနေ့မနက်ပိုင်းက လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)က “ရန်ကုန်မှာပြန်ဆုံမယ် “စာတန်း ကိုချိတ်ဆွဲနေချိန် ဂေါပကအဖွဲဝင် လုံခြုံရေးတွေကအာ်ဟစ်ခဲ့လို့ အနီးပတ်ဝန်းကျင်က အရပ်ဝတ်တွေက အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် ရေဘဝဲတွေ ဘေးကင်း လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်ကထွက်ခွာ နိုင်ငံတော်တဝှမ်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေ၊အကျဉ်းထောင်အသီးသီးကို ရောက်ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား ရဲဘော်ရဲဘက်တေါနဲ့ ရန်ကုန်ပြည်သူလူထုတို ရန်ကုန်မှာ ပြန်ဆုံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရန်ကုန်လူထုနဲ့အတူ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းအားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။