ယင်းမာပင်တွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဟု မဟာမိတ် ၅ ဖွဲ့က ကြေညာ

ယင်းမာပင်တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု BNRA အပါအဝင် တော်လှန်ရေး မဟာမိတ် ၅ ဖွဲ့က ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဖြစ်၍ ပြည်သူများ ဘေးလွတ်ရာသို့ ခေတ္တ ရှောင်တိမ်းပေးကြပါရန် BNRA တပ်ဖွဲ့အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ၅ ဖွဲ့က ကြေညာလိုက်ကြောင်း BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဆာန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် စုစည်း၍ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ် ထွန်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရေး ဘုံသဘောတူညီချက်ဖြင့် ယင်းမာပင် ခရိုင်အတွင်းရှိ မြို့သိမ်းတိုက်ပွဲများကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာမိတ်ပူးပေါင်းတပ်စုတွင် မပါဝင်ရသေးသော ဒေသတော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ဖက်ဆစ် စစ်တပ်အား အတူတကွ လက်တွဲတိုက်ပွဲဝင်သွားကြရန် ဖိတ်ခေါ်ပါကြောင်း ကမ်းလှမ်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို KNU /KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ အထူးတပ်ဖွဲ့ (Special Forces) ၊ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် – BNRA ၊ Scarlet Revolution Forces ၊ The Youth Fighters ၊ Black Leopard Army ကျားသစ်နက်တပ်မတော် တို့ ပူးပေါင်းကာ ထုတ်ပြန်ထားဖြစ် ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူလူထုနေဖြင့် သတ်မှတ်ထားသော စစ်ရေး ဧရိယာအတွင်းမှ ဘေး လွတ်ရာသို့ ခေတ္တရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်၍ ၁၀ ရက် အတွင်း အလံဖြူ ထောင်အလင်းဝင်ရောက်ကြရန်၊ စစ်အာဏာရှင် ယန္တရားလည်ပတ်စေရေးအတွက် ဆောင်ရွက်နေကြသော ဌာနအသီးသီးရှိ Non CDM ဝန်ထမ်းများအနေဖြင့်လည်း နိုဝင်ဘာလ ၂၆ ရက် နေ့မှ စ၍ ၁၀ ရက်အတွင်း အလုပ်ဌာနကို စွန့်ခွာကာ နေရပ်ပြန်ကြရန် တိုက်တွန်းထားသည်။

“၁၀ ရက်အချိန်ပေးထားပေါ့၊ ဒီ၁၀ ရက်အတွင်းထဲမှာ Non CDM တွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ် ဆောင်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွေ သို့မဟုတ် စစ်ကောင်စီရဲ့လက်အောက်ခံ အ ကြပ်တပ်သား၊ စစ်သည်အားလုံးပေါ့ အလံဖြူထောင်ပြီးတော့ အညံ့ခံရင်ဖြစ်ဖြစ်၊ သို့မဟုတ် Non CDM တွေအနေနဲ့ ရှောင်ရှားဖို့ ထွက်သွားကြဖို့ တောင်းဆိုတာပါ၊ တိုက်ပွဲတွေ စပြီဆိုတဲ့အချိန်ကျရင် ကျနော် တို့က ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားဖို့ အရမ်းခက်ခဲတဲ့အနေအထားမှာရှိနိုင်တဲ့နေရာများတွေ၊ ဥပမာ မြို့ပြဖြစ်တယ်၊ သို့မဟုတ် ပျူစောထီးကျေးရွာမျိုးတွေမှာမျိုးဆိုရင် ဝေခွဲဖို့ ခက်ခဲတာကြောင့် ဒီ အချိန် မှာ ရှင်းရှင်းလင်းလင်း သိရအောင် ၊ သူ့လူကိုယ်လူ့ကွဲပြားအောင် ကျနော်တို့က တောင်းဆိုထား တာပါ” ဟု BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဆာန်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြား သည်။

ဓာတ်ပုံ- Black Leopard Army ကျားသစ်နက်တပ်မတော် တပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *