ဝင်လာမစဲတသဲသဲ

ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF-ZOTUNG တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရေဇွာမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် CDF-ZOTUNG တပ်ဖွဲ့ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ တပ်သား ၂ ဦးသည် MA1 သေနတ် ၁ လက်၊ကျည်အတောင့် ၃၈၀၊ အီနာကာ ၅ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ကာဦးထုပ် ၁ ခုနှင့်ကျည်ကာအအင်္ကျီတို့ ယူဆောင်လာသောကြောင့် CDF-ZOTUNG တပ်ဖွဲ့က အဆိုပါ တပ်သား ၂ ဦးကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားရှိကြောင်း၊ နိုင်ငံသူနိုင်ငံသားများကို ကာကွယ်မှုမပြုဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လူနည်းစုအကြမ်းဖက် အုပ်စုကိုသာ ကာကွယ်နေသည့် စစ်သား၊ ရဲနှင့် ဌာ‌နအသီးသီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ အစေခံများအနေဖြင့် CDF-ZOTUNG တပ်ဖွဲ့ထံ ခိုလုံကြပါရန် ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *