တန်ဆောင်တိုင်ပံ့သကူအဖြစ် အလင်းဝင်ရန်စာရွက်ကြဲချ(ရုပ်သံ)

မြောင်ရဲစခန်းထဲက စသ်အုပ်စု မောင်သူမဲ့လေယာဉ်နဲ့ ဗုံးသီးထုတိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းထဲမှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်အုပ်စုတပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးသီးထုတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ MSPDFဘက်ကအသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၆ရက်နေ့ မနက်၉နာရီကနေ ၁၀နာရီမိနစ်၄၀အချိန်အထိတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဝင် ၇ယောက်မျက်နှာ၊လက်နဲ့ခြေထောက်တွေစုတ်ပြတ်သတ်သွားပြီး ထိုထဲက ၂ဦးဒဏ်ရာအတော်ပြင်းထန်တယ်လို့သိရပါတယ်။

“တန်ဆောင်တိုင်ပံ့သကူအဖြစ်နဲ့ မင်အောင်လှိုင်းသားတွေကို တိုက်ခိုက်ခဲ့တာပါ။ပြည်သူထံအလင်းဝင်ကြဖို့ပါ စာရွက်တွေကြဲချခဲ့တယ်။ အမြန်အလင်းမဝင်ဘူးဆိုရင် အပြင်းအထန်တိုက်ခိုက်ခံရမယ်”လို့MSPDFနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊တပ်ခွဲ(၁)-မြေလတ်PDF၊မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း – NRDF၊မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊ ချောက်PDF၊ CDSOM 007၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင် တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *