တရုတ်ကတော့ရှုပ်ပြီတရုတ်ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

တရုတ်ကတော့ရှုပ်ပြီတရုတ်ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

BVJ/အိုင်းရစ် _ နိုဝင်ဘာ ၂၈ ၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေချိန်တရုတ်ရေတပ်သင်္ဘော သုံးစင်း မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကို နိုဝင်ဘာ ၂၇ ရက်က ဆိုက်ရောက်လာပါတယ်။

တရုတ်ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်ကို ရောက်ရှိလာတာဟာ မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု မြင့်တက်လာချိန် နှစ်ဖက်အဖွဲ့အစည်းကြား တင်းမာမှုလျှော့ချပြီး စေ့စပ်ညှိနှိုင်းဖို့ တစိတ်တပိုင်းပါဝင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ တရုတ်စစ်သင်္ဘော သုံးစင်းမှာ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ပါဝင်ပြီး တရုတ်ရေတပ်စစ်သည်အင်အား ၇၀၀ ခန့် လိုက်ပါလာတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-ရေတပ်က မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်ရေတပ်အဖွဲ့က မြန်မာစစ်တပ် (စစ်ကောင်စီ) ရေတပ်နဲ့အတူ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားသလို နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အလည်အပတ်ရောက်ရှိလာတာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာနေချိန် တရုတ်ရေတပ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ပြီး တရုတ်အစိုးရကတော့ လက်ရှိ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကလည်း တရုတ်-မြန်မာနယ်စပ်မှာ ရုတ်ချည်းဖြစ်ပွားလာနိုင်တဲ့ အခြေအနေများကို ဖြေရှင်းရန်နဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်၊ တရုတ်နိုင်ငံသားများရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဘဝနေထိုင်မှု လုံခြုံမှုရှိစေရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်တွေ့စစ်ရေးလေ့ကျင့်ရေးမှုများကို လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။တရုတ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *