ပလမြို့၊ တိုတောင်အခြေနေသတင်းထုတ်ပြန်ချက်(ရုပ်သံ)

ပလမြို့၊ တိုတောင်အခြေနေသတင်းထုတ်ပြန်ချက်(ရုပ်သံ)

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၁။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်(၁၁)နာရီ(၃၀)မိနစ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသည် ပလမြို့၊ တိုတောင်ပေါ်တွင် ကတုတ်ကျင်း၊ ဘန်ကာများ စနစ်တကျတည်ဆောက်ကာ အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်ခဲ့သည်။

၂။ အကြမ်းဖက်စစ်ကောင်စီတပ်သည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ၏ တည်နေရာကိုပင် ရှာဖွေနိုင်စွမ်းမရှိပဲ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထို့ပြင် တိုက်ပွဲအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သားပြည်သူများကိုလည်း ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့သည်။ ကံကောင်းထောက်မ၍သာ အရပ်သားထိခိုက်မှု မရှိခဲ့ပါ။

၃။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁)ဦး မျက်မြင်သေဆုံးခဲ့သည်။ မိမိတို့ဘက်မှ တစုံတရာ ထိခိုက်မှုမရှိခဲ့ပါ။ မွန်းလွဲ (၁)နာရီဝန်းကျင်တွင် မိမိတို့တပ်ဖွဲ့ဝင်များ စနစ်တကျပြန်လည်ဆုတ်ခွာခဲ့သည်။ မိမိတို့အနေဖြင့် စခန်းတစ်ခုလုံးကို ချေမှုန်းရနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်တို့၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်မည်ကို စိုးရိမ်၍သာ ပြန်လည်ဆုတ်ခွာခဲ့သည်။

၄။ မကြာမီ ပုလောဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူတို့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့်လည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ် များနှင့် မဟာမိတ်များကို ခုခံခြင်းမပြုပဲ အသာတတကြည် လက်နက်ချစေလိုပါသည်။ မိမိတို့သည် ပြစ်မှုကျူးလွန်ခြင်း မရှိသည့် တပ်မတော်သားများအပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်းမရှိပါ။ မင်းအောင်လှိုင်နှင့် လူတစ်စုကို ဆက်လက်ကာကွယ်ခြင်း မပြုပဲ မိမိတို့၏ ကိုယ်ကျိုးကို ရှေးရှုစေလိုပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *