ချောင်းနှစ်ခွသတင်းကတော့ ထူးပီးရင်းထူး

ချောင်းနှစ်ခွသတင်းကတော့ ထူးပီးရင်းထူး

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ BGF စစ်ကြောင်းမှူးနော်တယာနဲ့ ခဝေး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်တပ်ဘက်က ၁၁ ဦး သေဆုံး

နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ BGF စစ်ကြောင်းမှူးနော်တယာနဲ့ ခဝေး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်တပ်ဘက်က ၁၁ ဦး သေဆုံးသွားတယ်လို့ နဂါးနီစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးစခန်းကနေ ချောင်းနှစ်ခွကို တပ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ(၂၂)၊ တပ်မ(၄၄)၊ အမှတ်(၄) တန်းမြင့်လေ့ကျင့်ရေးသင်တန်းသားထုတ်နှုတ်များနဲ့ နယ််််််််ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်းစစ်ကြောင်းကို နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့နဲ့ KNLA တပ်ရင်း(၁၆) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေ့လည် (၁၂)နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အကျအဆုံးများလို့ ညနေ ၄ နာရီခွဲမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲဖြစ်ချိန်အတွင်း စစ်ကောင်စီတပ်သား(၄) ဦး လက်နက်ချခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းများနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး(၁)ဦးနဲ့ နယ်ခြားစောင့်တပ်၊ တပ်နယ်(၄) စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် (၁၁)ဦး သေဆုံးပြီး လက်နက်ငယ်မျိုးစုံ (၁၅)လက်သိမ်းဆည်းရမိခဲ့သလို တော်လှန်ရေးအင်အားစုများဘက်က ရဲဘော်တစ်ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *