ယနေ့ စနေနေ့( ၉.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၉ ၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3340 – 3460
ဥရောပယူရို 3560 – 3670

ဗြိတိသျှစတာလင်ပေါင် 4200 – 4300
သြစတြေးလျဒေါ်လာ 2100 – 2200

ဂျပန်ယန်း 22.30 – 22.90

တောင်ကိုရီးယားဝမ် 2.50 – 2.60
အိန္ဒိယရူပီး 39.90 – 41.50
စင်ကာပူဒေါ်လာ 2400 – 2510

မလေးရှားရင်းဂစ် 710 – 730
တရုတ်ယွမ် 445 – 465
ထိုင်းဘတ် 92.20 – 94.80

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3400,000 – 3450,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3250,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3470,000 – 3480,000 ကျပ်ခန့် ဖြစ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2260,200 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1918.5 ဒေါ်လာခန့် ဖြစ်သည်။

လက်ရှိ ရွှေဈေးသည် သြဂုတ်လက အမြင့်ဆုံး ရောက်ခဲ့သော ကျပ် 39 သိန်းခွဲကျော်နှင့် ယှဉ်ပါက တရိပ်ရိပ် ပြန်ကျနေပြီး ယခုအခါ ကျပ် 35 သိန်းအောက်အထိ ပြန်ကျလာသည်။ ယခုအပတ်တွင် ရွှေဈေးသည် အကျ လမ်းကြောင်းတစ်ခု ပီပြင်စွာ ဖြစ်ပေါ်လာနေပြီး လက်ရှိတွင် ရွှေရော ဒေါ်လာပါ အကျဘက် အားသာနေကြောင်း တွေ့ရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *