စဉ့်အင်တံတားကြီး ပြတ်ကျသွားပါပြီ

ဟိုက်ဂျက် ကား(၁)စီး ကျည်ဆံမှန်ထားတာတွေ့ပါသည်

သီပေါ-လားရှိုးကြားရှိ စဉ့်အင်တံတား ကျိုးကျ

သီပေါနဲ့လားရှိုး လမ်းမပေါ်မှာရှိတဲ့ စဉ့်အင်တံတားဟာ ကျိုးကျပျက်စီးသွားပြီ ဖြစ်တာကြောင့် ကားတွေ သွားလာလို့ရမှာ မဟုတ်တော့ပါဘူး

“မနေ့မနက်တုန်းက နည်းနည်းလေး ပျက်သွားတာ။ ဆိုင်ကယ်တော့ သွားလို့ရတယ်။ ညနေရောက်တော့ တံတားက လုံးလုံးကျိုးကျသွားတာ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်အင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော်- TNLA က ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ရဲ ၂ ဦးကိုပါ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်

စဉ့်အင်တံတား ကျိုးကျသွားတဲ့အတွက် ကျောက်မဲကနေ မူဆယ်အထိ ပြည်ထောင်စု လမ်းမကြီးကို အသုံးပြုလို့ရမှာ မဟုတ်တော့သလို စစ်ကောင်စီရဲ့ ထောက်ပို့ကားတွေလည်း သွားလာလို့ ရတော့မှာ မဟုတ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်






Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *