တို့ကလေးများဘေးကင်းတာပဲတော်လှပါ ခဝေးတွေကိုမလျော့တွက်နဲ့

အင်းတော်မှာ လက်နက်ခဲယမ်း သယ်ယူတဲ့ တော်လှန်ရေးရဲဘော်တွေ စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရ၊

ရဲလေး/MFP ၊ ဒီဇင်ဘာ – ၂

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ လက်နက်ခဲယမ်း သယ်ယူလာတဲ့ တော်လှန်ရေး ရဲဘော်တွေ မနေ့က စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရပြီး ကျည်နဲ့ခဲယမ်း အများအပြား ဆုံးရှုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ဘက်က ပေါ့လျော့တာပေါ့။ ဒီလမ်းကြောင်းက မလုံခြုံတော့ဘူး။ လူတော့ အထိအခိုက် မရှိဘူး။ ပစ္စည်းတွေတော့ အကုန်ပါသွားတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ(၁)ရက် မနေ့က နေ့လည်ပိုင်း အင်းတော်မြို့ရဲ့ အရှေ့တောင်ဘက် တနေရာမှာ စစ်အုပ်စု ရှိနေချိန် ဆိုင်ကယ်ငါးစီးနဲ့ လာတဲ့ PDF ခုနှစ်ဦးကို တွေ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အလောင်းနှစ်လောင်းနဲ့အတူ (M-22)ကျည် (၂၀၀၀၀)တောင့်၊ တရုတ်လက်ပစ်ဗုံး (၁၀၀)လုံးနဲ့ ဆိုင်ကယ် ငါးစီး သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

စစ်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ် ခံရလို့ ကျည်နဲ့ ခဲယမ်းတွေ ဆုံးရှုံးတာ မှန်ပေမယ့် ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိဘူးလို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

“သူတို့ ထုတ်ပြန်ထားတဲ့ အလောင်းပုံကို (ဘယ်သူဘယ်ဝါ) မသိပါဘူး။ တပ်ဖွဲ့ဝင်တွေက အကုန် လွတ်ပါတယ်”လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ အင်းတော်မြို့နယ်က ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ လုပ်နေသလို ဖမ်းမိတဲ့ ဒေသခံတချို့ကို PDF လို့ စွပ်စွဲပြီး နှစ်ရှည် ထောင်ဒဏ်ချတာ၊ သတ်ဖြတ်တာတွေလည်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်နယ်မှာ မနေ့က တော်လှန်ရေး ရဲဘော်တွေ လက်နက်ခဲယမ်း သယ်ယူလာချိန် စစ်အုပ်စုရဲ့ ချောင်းမြောင်းပစ်ခတ် ခံရပြီး ဆုံးရှုံးသွားတဲ့ ကျည်နဲ့ ခဲယမ်းတွေ/Photo – စစ်အုပ်စု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *