ကျေးရွာတွေကို လနကြီးနဲ့အတိအကျ ချိန်ရွယ်ထားတဲ့ သက်သေတွေရရှိ

စစ်ကောင်စီက တိမ်ညိုရဲစခန်းကနေ အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ အတိအကျ ချိန်ရွယ်ထားတဲ့ သက်သေတွေရရှိ

C8 News

ရခိုင်၊ဒီဇင်ဘာ (၂)

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းကနေ အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ အတိအကျ ချိန်ထားပြီး ပစ်ခတ်ဖို့စီစဉ်ထားတဲ့ သက်သေအထောက်အထားတွေကို အဲ့ဒီစခန်းက ရရှိတဲ့ဓာတ်ပုံတွေအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်း ကို ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက စွန့်ခွာခဲ့ပြီး လက်နက်ကြီး ပစ်မှတ်ကို ပတ်ဝန်းကျင်ကျေးရွာတွေကို အတိအကျ ချိန်ရွယ်ထားတဲ့ ပစ်မှတ်ဆိုင်းဘုတ်တွေ ကျန်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ တိမ်းရှောင်နေရတယ်။ စစ်ကောင်စီရဲ့ ပစ်မှတ်ထဲမှာပါနေတော့ ကြောက်ကြောက်လန့်လန့်နဲ့ မနေရဲတော့ဘူးလေ” လို့ တိမ်ညိုရွာသားတစ်ယောက်က ပြောပါတယ်။

တိမ်ညိုရဲစခန်း လက်နက်ကြီးအထိုင်ချရာကနေ ချိန်ထားတဲ့ ကျေးရွာတွေကတော့ သပြေကန်၊ ပြိုင်းတောင်၊ ပညာသည်၊ ရွှေကျင်ပြင်၊ တင်းထိန်ကန်၊ လိပ်ဆင်းပြင်၊ အောက်သားကန်နဲ့ အိုးထိမ်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် နဲ့ စစ်ကောင်စီတပ်တွေ အခုလက်တလောဖြစ်နေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက မြို့ရော၊ တောပါ ကြည်း၊ ရေ၊ လေ ကနေ လက်နက်ကြီးငယ်နဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၃၀ နီးပါး နဲ့ထိခိုက်ဒဏ်ရာရရှိသူ ၇၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *