မိနစ်(၄၀)နဲ့ထပ်သိမ်းလိုက်ပြန်ပြီ (ရုပ်သံ)

ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀ အထိုင်စခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၃ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀ အထိုင်စခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ လက်နက် ၈ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြို့လှ PDF တပ်ဖွဲ့ထံမှ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၅၇ မိနစ်ခန့်က ရွှေကူမြို့နယ်၊ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ တပ်ရင်း ရွှေငြိမ်းချမ်းကျေးရွာနဲ့ ၁ မိုင်အကွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်အထိုင်နေရာချထားတဲ့ တပ်ကုန်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့များက စစ်တပ်စခန်းကို မီးရှို့ ရှင်းလင်းခဲ့ပြီး လက်နက် ၈ လက်နဲ့ ခဲယမ်း များ ရိက္ခာအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို အမှတ် ၅ တပ်ရင်းKIA ၊ မြို့လှ K-PDF ၊ ဟိုပင် K-PDF ဝေဟင် Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြို့လှ K-PDF တပ်ရင်းဘက်မှ ပြည်သူ့ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *