ငပုရေစခန်းသိမ်းဓာတ်ပုံဆိုတာဒီလိုရိုက်ရတာကွ

စစ်ကောင်စီ၏ မိုင်းဝီးတပ်စခန်းနှင့် မိုင်းလုံတပ်စခန်းတို့ကို TNLA ထပ်မံတိုက်ခိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ခုနှစ်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းနှင့် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မိုင်းဝီးတပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် PSLF/TNLA မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ ၅ရက်နေ့ ည ၈ နာရီခန့်နှင့် မိုင်းဝီးတပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ ညနက်သန်းခေါင် ၁၂ နာရီ ၃၀ မိနစ်ခန့်က တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

မိုင်းလုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်မှ တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေးသွားခဲ့ကြသည့်အတွက် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ မိုင်းဝီးတပ်စခန်းကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *