အထက်မင်းလှမြိုတွင် စတက ဘောက်ဆာကားများဖြင့် စက်သုံးဆီများ မှောင်ခို ခိုးထုတ်ရောင်း

တစ်နိုင်ငံလုံး စက်သုံးဆီခက်ခဲ၍ စျေးနှုန်းမြင့်တက်နေချိန် အထက်မင်းလှမြိုတွင် စစ်တပ်က ဘောက်ဆာကားများဖြင့် စက်သုံးဆီများ မှောင်ခို ခိုးထုတ်ရောင်း

မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ စက်သုံးဆီများ ထုတ်ယူရမှု အလွန်ခက်ခဲသဖြင့် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ကာ မြိုကြီးများရှိ အရောင်းဆိုင်များတွင် ယာဉ်များ၊ ဆိုင်ကယ်များ ကြိတ်ကြိတ်တိုး တန်းစီ၍ အလှည့်ကျစနစ်ဖြင့် စက်သုံးဆီများ ဝယ်ယူနေကြရကြောင်း သိရှိရသည်။

အထက်မင်းလှမြိုနယ်တွင်လည်း လမ်းဘေး ရေသန့်ဗူးခွံဖြင့် ရောင်းချသည့် ဓာတ်ဆီများကို အဓိက ထားဝယ်ယူနေရ ကြောင်း၊ အထက်မင်းလှမြိုရှိ သံပုရာကန်ရေနံချက်စက်ရုံတွင် ပုဂ္ဂလိက ဆီဘောက်ဆာကားများအပြင် စစ်ကားများဖြင့် ဆီများ ကြိတ်ကြိတ်တိုး လာရောက်ထုတ်ယူနေကြကြောင်း၊ စစ်တပ် ဆီဘောက်ဆာကားများက သံပုရာကန် ရေနံချက်စက်ရုံမှ စက်သုံးဆီများ ထုတ်ယူပြီးနောက် အထက်မင်းလှမြို မှောင်ခိုစျေးကွက်တွင် ပြန်လည် ထုတ်ရောင်းကြကြောင်း သိရှိရသည်။ [Khit Thit Media][Z-F]

ဓာတ်ပုံ- ယနေ့ အထက်မင်းလှ မှောင်ခို ဘောက်ဆာများ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *