ကရင်နီပြည်ကရှယ်မိုက်နေပြီ

ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည် ရဲဌာန ဥပဒေကို ပြဌာန်း

ဒီဇင်ဘာလ ၆ ရက်

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည်ရဲဌာနဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်ရဲ (KSP) ကို CDM ရဲများနှင့် ရဲလုပ်ငန်းစိတ်ဝင်စားကြသည့် ပြည်သူများဖြင့် ဖွဲ့စည်းထားပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားကြောင်း သိရသည်။

ကရင်နီပြည်ရဲ (KSP) သည် ကရင်နီပြည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုအားကောင်းပြီး စွမ်းဆောင်ရည်မြင့်မားပြည့်ဝသော ကရင်နီပြည် ရဲဌာနအဖြစ် ရည်တည်လုပ်ဆောင်ရန် ၊ နယ်မြေဒေသခံများနှင့် ပူးပေါင်း၍ ပြည်သူလူထု ဗဟုပြုဝန်ဆောင်မှုများကို ဆောင်ရွက်ရန်၊ ရာဇဝတ်မှုများ ကြိုတင်ကာကွယ်ရေးအလေးပေးဆောင်ရွက်ရန် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရဲသားရာထူးအဆင့်မှ ရဲချုပ်ရာထူးအဆင့်အထိပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှ ရေးစွဲပြဌာန်းထားသော ဥပဒေ ၊ နည်းဥပဒေများအပြင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းလေးစာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိကြားကာလတွင် စနစ်တကျ ကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင်ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည်ရဲဌာနဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်းလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်နီပြည် ရဲများအနေနှင့် ပြည်နယ်တွင်း ပြစ်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အမှုဖွင့်အရေးယူခြင်းများကို ဥပဒေနှင့် အညီဆောင်ရွက်နိုင်ပြီး ပြည်သူ၏ လုံခြုံရေးဆိုင်ရာ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်သစ်များ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ သင်တန်းပေးခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ဌာနတွင်းအရေးယူအပြစ်ပေးခြင်းတို့ကို ဒေသအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်နယ် တရားရေးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အတွင်း ပြစ်မှုကျူးလွန်သော တရားခံများကို အမှုဖွင့်ဆောင်ရွက်နိုင်ပြီး ပြည်သူများပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းဖြစ်စေရန် ဆက်သွယ်စည်းရုံးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ရဲအရေးပိုင်သည့် မှုခင်းကိစ္စရပ်များကို ဥပဒေနှင့် အညီ ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည် ရဲအဖွဲ့ဝင်များသည် (က) အချုပ်သား၊ အကျဉ်းသားများကို တာဝန်ယူရပါက ညှဉ်းပမ်းနှိပ်စက်ခြင်း မပြုရန်နှင့် ထွက်ပြေးလွတ်မြောက်ခြင်း မပေါ်စေရေး အထူးဂရုစိုက်ရမည်၊ (ခ) လက်နက်ခဲယမ်းများကို ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်း မပြုရန်၊ (ဂ) လက်နက်ခဲယမ်းများပျက်စီး ပျောက်ဆုံးမဖြစ်ပေါ်စေရေး အထူးသတိပြု တာဝန်ယူရန်၊ (ဃ) ကရင်နီပြည်အမည်ကို ဖြစ်စေ၊ အဖွဲ့ပိုင် ပစ္စည်းကိုဖြစ်စေ မသမာသော နည်းဖြင့် အလွဲသုံးစားခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန်၊ (င) ဥပဒေကြောင်းအရ လူတစ်ဦးတစ်ယောက်ကို အကြောင်းမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုရန်၊ (စ) မှုခင်းနှင့် ပတ်သက်သည့် သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများကို အလွဲသုံးစားပြုခြင်း ပေါ့လျော့မှုကြောင့် ပျောက်ဆုံးပျက်စီးခြင်းနှင့် ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရန်၊ (ဆ) ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ဖြင့် နေထိုင်လျှင် သတ်မှတ်ခွင့်ပြုချက်ထက် ပိုယူခြင်း မပြုရန် နှင့် ပြန်လည်ရောက်ရှိပါက သတင်းပို့ရမည်ဖြစ်ကြောင်း ၊ (ဇ) အကြောင်းမဲ့ ပျက်ကွက်ခြင်းနှင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့် (ဈ) ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှ ရေးစွဲပြဌာန်းထားသော ဥပဒေ ၊ နည်းဥပဒေများအပြင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းလေးစာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ထားသည်။

ကရင်နီပြည် ရဲတပ်ဖွဲ့ဝင်မှ ပုဒ်မခွဲ က မှ င ပါ စည်ကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အများဆုံးထောင်ဒဏ် ၁ နှစ်အထိ ကျခံစေရမည်ဖြစ်ပြီး ပုဒ်မခွဲ စ မှ ဇ ပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက အများဆုံး ထောင်ဒဏ် ၆ လ အထိ ကျခံစေရမည်ဖြစ်ကြောင်း၊ ကရင်နီပြည်ရဲ ဌာနအနေနှင့် ပြည်ထောင်စု ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိရသည်။

Photo – ကရင်နီပြည်နယ်အတွင်း လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေသော ကရင်နီပြည် ရဲတပ်ဖွဲ့ဝင်များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *