ပခုက္ကူမြို့ စက်မှုဇုန် (၆)လမ်း စစ်ဆေးရေးဂိတ်ဝင်အုန်း(ရုပ်/သံ)

ပခုက္ကူမြို့ စက်မှုဇုန် (၆)လမ်း စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားတွေကို အလစ်အငိုက် တိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၆ ရက်

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်း စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားတွေကို အ လစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဉီး နေရာတွင်ပင် သေဆုံးသွားတယ် လို့ Yesagyo Revolution Group မှ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က လမ်းသွားပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်း စစ်ဆေးရေးဂိတ်ရှိ အင်အား ၁၅ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဉီးနေရာတွင်ပင် လဲကျသေဆုံးသွား တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို Yesagyo Revolution Group (YRG)နဲ့ Local တပ်ပေါင်းစု Army

အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *