အတန်းလိုက်လာတာကိုဆော်တာနော်(ရုပ်သံ)

ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း FIRE Dragon (KU) အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှ ထွတ်လာသည့် စစ်ကောင်စီ တပ်သား ၂၈ ဦးပါ စစ်​ကြောင်းကို ကန်သာကုန်းရွာ အရှေ့ကန်၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးနှင့် ပန်းရံရွာမှ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့​ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ တော်လှန်ရေး ရဲဘော်များက လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို FIRE Dragon (KU) အဖွဲ့နှင့်အတူ ONEDAY REVOLUTION FORCE (Shawe Bo)၊ ရွှေဘိုခရိုင် တပ်ရင်း(၄)၊ ရွှေဘိုမြို့နယ်မြေခံ ပကဖ များနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *