နောက်တစ်မြို့အလံလွှင့်လိုက်ပြန်ပြီနော်(ရုပ်သံ)

မုန်းမြို့မှာ ယနေ့ လွှင့်ထူခဲ့တဲ့ PDF အလံတော် 🤩

မုန်းမြို့မှာ ယနေ့ လွှင့်ထူခဲ့တဲ့ PDF အလံတော်

မုန်းမြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ရင်းရှေ့၌ PDFအလံတော် လွှင့်တင်

ဒီဇင်ဘာလ ၇ ရက်

မုန်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ ခမရ(၅၉၀) တပ်ရင်းရှေ့၌ PDFအလံတော်လွှင့်တင်ခဲ့သည့် မှတ်တမ်းအား အထူးကွန်မန်ဒိုတပ်ရင်း – တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်သည်။

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊မုန်းမြို့မရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့အား KNLA လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၂ရက် ည ၁၁နာရီ ၄၀မိနစ် အချိန်မှစတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ရက်ညနေ ၅ နာရီ၃၀မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ခမရ(၅၉၀)အား တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ၃ရက် စခန်းသိမ်းဖြစ်စဉ်တွင် စစ်ကောင်စီ ဗဟိုကင်းတစ်ခုသာကျန်ပြီး ပိတ်မိနေစဉ် အရာရှိတစ်ဦးအပါဝင် ခြောက်ဦးက အလံဖြူထောင်ပြီးထွက်လာသည့်အတွက် ကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းမှူးက စစ်သုန့်ပန်းဥပဒေအတိုင်း စနစ်တကျလိုက်နာပြီး အလံဖြူထောင်လက်နက်ချမည့်သူများအားမပစ်ရန် ရဲဘော်အားလုံးကို အမိန့်ပေးညွှန်ကြားခဲ့‌ကြောင်း၊ ရဲဘော်များက ချိန်ရွယ်ထားကြပြီး စောင့်ဆိုင်းပေးနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်ငါးဦးက အနီးရှိ လက်နက်တိုက်အတွင်းဝင်ကာ ပစ္စည်းများ၊ ကျည်ပုံးများထမ်း၍ ဗဟိုကင်းသို့ပြန်လည် ပြေးဝင်သွားသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အသိပေးထားသည်။

” မိမိတို့ PDFတပ်ဖွဲ့ဝင်များအနေဖြင့် လူ့ဂုဏ်သိက္ခာ၊ စစ်သုန့်ပန်း ဥပဒေအရ ကောင်းမွန်စွာ စည်းစောင့်ထိန်းခဲ့ပါသော်လည်း အကြမ်းဖက် အာဏာရှင်စစ်တပ်ဖက်မှ သိက္ခာမဲ့စွာ အလံဖြူအသုံးချသောကြောင့် နောက်ဆုံး အားလုံးကို အဝီစိပို့၍ အနားပေးကာ စခန်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်”ဟု အထူးကွန်မန်ဒိုတပ်ရင်း – တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းယူရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မုန်းမြို့သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းတည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃)နယ်မြေလည်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရင်းအတွင်း PDFအလံတော် လွှင့်တင်ခဲ့သည့်မြင်ကွင်းကို လူထုက ချီးကျုးကြသည်။

“ဒီထက်လှတဲ့ မြင်ကွင်းရှိအုံးမလားဗျာ။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး တောင်ပေါ်၊မြေပြန့်တိုင်းရင်းသားအားလုံး အတူတူ နိုင်ငံတော်သစ်ဆောက်ဖို့ မျှော်လင့်ချက်က သိပ်နီးနေပါပြီ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *