ပြည်သူနဲ့ဆိုသိပ်သတ္တိရှိပြနေတာ မြို့ပေါ်တွေသတိရှိကြပါ

တာမွေမြို့နယ်၊ သီတာလမ်းထိပ်တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာလမ်းထိပ်တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း တာမွေမြို့နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက် ညနေ ၆ နာရီခွဲခန့်အချိန် တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းအနီး သီတာ လမ်း ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး မည်သူမည်ဝါမသိရသေးဘဲ ယခုည ၈ နာရီခန့်အထိ ရုပ်အလောင်းကို သယ်ဆောင်သွားခြင်းမရှိသေးကြောင်း၊ စစ်ကောင်စီတပ် သား၊ ရဲများမှ လမ်းများပိတ်ဆို့စစ်ဆေးနေပြီး ရဲစခန်းရှေ့ရှိ တိုက်ခန်းများကိုလည်း ဧည့်စာရင်း စစ်ဆေးနေ ကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်တာ ညနေကတည်းက၊ အခုထိမပြီးသေးဘူး၊ လမ်းတွေပိတ်စစ်နေတယ်၊ ယောက်ျား လေး ၂ ဦး သေတယ်လို့ပြောတယ်၊ ဘယ်သူလဲတော့ မသိရသေးဘူး၊ အလောင်းက လည်း အခုထိ မသယ်ရသေးဘူး၊ ပစ်ခတ်မှုဖြစ်ပြီး ရဲကား၊ စစ်ကားတွေလာတော့ လူတွေ အကုန်တိတ် သွားတာ၊ ရဲစခန်းရှေ့တိုက်ခန်းတွေတော့ ဧည့်စာ ရင်းတွေလိုက်စစ်နေတယ်၊ ငါတို့လည်း ကြောက် နေပြရတယ်၊” ဟု တာမွေမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါသီတာလမ်းထိပ်တွင် ပွဲဈေးတန်းကျင်းပနေသည်ဟု သိရှိရပြီး ပစ်ခတ်မှုဖြစ်ပွားရခြင်းကိစ္စ နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရသေးပေ။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း ညပိုင်း ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *