ယနေ့ တနင်္ဂနွေနေ့(၁၀.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၀၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3490 – 3550
ဥရောပယူရို 3680 – 3760

ဗြိတိသျှစတာလင်ပေါင် 4340 – 4430
သြစတြေးလျဒေါ်လာ 2220 – 2280

ဂျပန်ယန်း 23.40 – 24.10

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.40 – 41.80
စင်ကာပူဒေါ်လာ 2530 – 2590

မလေးရှားရင်းဂစ် 730 – 760
တရုတ်ယွမ် 475 – 490
ထိုင်းဘတ် 95.90 – 98.20

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3690,000 – 3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ 2004 အထိ ထိုးကျခဲ့သည့်အတွက် ပြည်တွင်းက ရွှေဈေးနှုန်းသည်လည်း တစ်ကျပ်သားလျှင် ကျပ် 3690,000 – 3710,000 ဝန်းကျင်သို့ ကျဆင်းသွားခဲ့သည်

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေအပိတ်ဈေးနှုန်းသည် တစ်အောင်စလျှင် 2004 ဒေါ်လာခန့် ဖြစ်သည်။

ယခုအပတ်တွင် YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် သိသာစွာ မြင့်လာပြီး ယခင်က ကျပ် 32 သိန်းဝန်းကျင်သာ ရှိရာမှ ယခု 35 သိန်းအပေါ် ရောက်လာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *