ဆီအရောင်းအဝယ်ဂယက်ထနေတာ များများဖမ်းပါ

လူမှုကွက်ယက်စာမျက်နှာမှတစ်ဆင့် စက်သုံးရောင်းချနေ‌သော မော်လမြိုင် စစ်ကဲကုန်းရပ်ကွက်နေသူ အမျိုးသမီး အဖမ်းခံရ

မော်လမြိုင် ဒီဇင်ဘာ ၁၁ ။

လူမှုကွန်စာမျက်နှာတွင် ၎င်း၏ ဖုန်းနံပါတ်ဖြင့် စက်သုံးဆီ ဝယ်ယူလိုပါက ဆက်သွယ်နိုင်ကြောင်း ရေးသားဖြန့်ဝေခဲ့သည့် မော်လမြိုင် စစ်ကဲကုန်းရပ်ကွက်နေသူ အမျိုးသမီးအား ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ညနေပိုင်းက ရဲတပ်ဖွ့ဝင်များဖမ်းဆီးခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ မအေဒါလှိုင်သည် ခွင့်ပြုချက်မရှိပဲ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းစျေးအနီးတွင်စက်သုံးဆီ ရောင်းချနေစဉ်ဖမ်းဆီးခံရခြင်းဖြစ်သည်။

မအေဒါလှိုင်အား စစ်ဆေးရာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဓါတ်ဆီများကို သိုလှောင်ပြီး ကာလပေါက်ဈေးထက် ကျော်လွန်၍ လိုက်လံဖြန့်ဖြူးရောင်းချနေသည်ကို စီစစ်တွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရသိရှိသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ အေဒါလှိုင်အား စစ်ကဲကုန်း နယ်မြေရဲစခန်းတွင် (ပ)၁၀၄/၂၀၂၃၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ- ၃၇ အရ အမှုဖွင့်အရေးယူထားသည်။

စက်သုံးဆီများ စျေးနှုန်းမြှင့်တင့် ရောင်းချခြင်းနှင့် တရားမဝင် သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ဝန်ချုပ်က ပြောဆိုထားသည်။

မော်လမြိုင်နှင့်မွန်ပြည်နယ်အတွင်းရှိမြို့တချို့တွင် စက်သုံးဆီ တန်းစီဝယ်ယူပြီးပြန်လည်ရောင်းချသည့် ဈေးကွက်ပေါ်ပေါက်လျှက်ရှိသည်။

စက်သုံးဆီဆိုင်များတွင်ခွဲတန်ဖြစ်ရောင်းချပေးနေသော်လည်း အိမ်အရောက်ပိပါလိုက်ပို့ဆောင်ရောင်းချပေးလျှက်ရှိသည်။

#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *