တင်နီလာအေးကတော့ မနိုင်တော့ဘူဟေ့

နမ့်ဆန်မြို့နယ်က ကဒိုင်းဖူးတောင်တပ်စခန်း၊ စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမူဆိုင်စခန်း)၊ နမ့်ဆန်ရဲစခန်းနဲ့ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတို့ကို TNLA သိမ်းပိုက်ရမိ

+++++++++++++++

ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်က ကဒိုင်းဖူးတောင်တပ်စခန်း၊ စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမူဆိုင်စခန်း)နဲ့ နမ့်ဆန်ရဲစခန်းတို့ကို TNLA သိမ်းပိုက်ရမိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

TNLA တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ စစ်ကောင်စီ ကဒိုင်းဖူးတောင်တပ်စခန်းကို မနေ့က နေ့လည် ၃ နာရီ ၂၀ မိနစ်အချိန်မှာ တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ၆၀/၈၀ လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၉) လက်၊ ကျည်မျိုးစုံနဲ့ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်ရခဲ့မိတယ်လို့ သိရပါတယ်။

TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမူဆိုင်စခန်း)နဲ့ နမ့်ဆန်ရဲစခန်းကိုလည်း ဒီနေ့ မနက် ၅ နာရီ အချိန်ခန့်မှာ တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

TNLA တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ဒီနေ့ အနက် ၃ နာရီခွဲအချိန်ခန့်မှာ တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ည ၈ နာရီ ၅၀ မိနစ်အချိန်မှာ တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA + DPLF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

TNLA တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်မှာလည်း မနေ့ ညနက်သန်းခေါင် ၁၂ နာရီ ၄၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က Jet Fighter နဲ့ (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သလို ဒီနေ့ မနက် ၉ နာရီခွဲအချိန်မှာလည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးနဲ့ (၂)ကြိမ် ထပ်မံလာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *