စခနဲ့ပျူတွေကို အပြီဖြုတ်(ရုပ်သံ)

မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဒီဇင်ဘာ ၁၃ ရက်

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု(၂)နဲ့ ဝက်ပုတ်ကျေးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို ကိုင်းတောမကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ က တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Earthquake People’s Defence Forceမှ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၈ ရက်က အင်အား ၃၀ ခန့်ဖြင့် ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ကိုင်းတောမကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးများဘက်က ၁ ဉီးသေဆုံးပြီး ၄ ဉီး ထိခိုက်‌ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ လာရာလမ်းအတိုင်း ပြန် လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို Eaarthquake people`s defence force(pakokku )၊ မြိုင်ပ.က.ဖတပ်ရင်း၁တပ်ခွဲ၄စကြာ်တပ်ဖွဲ့၊TYK​ ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ဝံပုလွေပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *