ရေစကြိုမြို့နယ် ထွေအုပ်ရုံးအုန်းခံရ(ရုပ်သံ)

ရေစကြိုမြို့နယ် ထွေအုပ်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ နဲ့ ပစ်ခတ် စစ်သား ၂ ဉီးဒဏ်ရာရ (ရုပ်/သံ)

ဒီဇင်ဘာ ၁၄ ရက်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ထွေအုပ်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား တွေကို ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်ခန့်က ၄၀ မမ တစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger မှ သတင်းရရှိပါ တယ်။

ရေစကြိုမြို့နယ် ထွေအုပ်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပုလဲမြို့နယ် ဘက်သို့ စစ်ကူသွားဖို့ ပြင်နေတဲ့ ဖရဲသီးသတင်းပေးပို့ချက်အရ Myingyan Black Tiger အဖွဲ့မှ ပြောက်ကျားဗျူဟာဖြင့် စခန်းအနီးသို့ ကပ်ပြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဉီး ထိခိုက်ဒဏ်ရာရရှိသွားကာ ရေစကြိုပြည်သူ့ဆေးရုံကြီးသို့ ခေါ် ဆောင်သွားကြောင်း သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *